ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရ

ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းဘေးရှိ ဝါစက်ကြီးဝန်းထဲမှာ ကင်ပုန်းဝပ်နေတဲ့ စစ်သားတွေကို လက်လုပ်လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင် အဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက် ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ စစ်သားအင်အား ၃၀ ဦးလောက် ကင်းပုန်းဝပ်နေချိန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး ပြင်းထန်တယ်လို့ ကြားတယ်။ သေဆုံးမှုလည်း ရှိနိုင်တယ်၊ အဲ့ဒါကတော့ အတည်မပြုနိုင်သေးဘူး" လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင် တပ်ခွဲ ၃မှ True Fighter အဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီအဖွဲ့တွေဟာ မြင်းမူမြို့ တဝိုက်မှာ နောက်ထပ်ကင်းပုန်းတွေ ထပ်ထားခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုကြေင့် စစ်ကောင်စီဘက်က သေဆုံးမှု ရှိ၊မရှိကိုတော့ အတည်မပြုနိုင်ခြင်း မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ကလည်း ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၂၀ ဦး သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #မြင်းမူ #ဗုံးပစ် #စစ်ကောင်စီ #Zeroပြောက်ကျားတပ်မဟာ #တိုက်ခိုက် #ထိခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10