ကင်းပုန်းဝပ်နေတဲ့နေရာ Drone နဲ့ ဗုံးကြဲခံရလို့ စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာရ

ကင်းပုန်းဝပ်နေတဲ့နေရာ Drone နဲ့ ဗုံးကြဲခံရလို့ စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက တွင်းမကျေးရွာနား ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူ‌တွေဟာ မနေ့ကဇန်နဝါရီလ ၂၂ ရက်မှာ Drone နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မင်းဘူးနယ်ဘက်က စစ်ကောင်စီတပ်သားတွေဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသူတွေကို ကား‌ပေါ်တင်သွားတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြိုင်မြို့နယ်အဖွဲ့က ဆိုပါတယ်။

"မနေ့က မနက် ၇ နာရီခွဲလောက် တွင်းမရွာအနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားနဲ့ ပျူတွေကို Drone နဲ့ အီနာဂါဗုံးကြဲချတာ၊ ၂ ယောက်တော့ ထိခိုက်ဒဏ်ရာရတယ်။ အပြန်အလှန်ပစ်ခတ်တာ ရှိတယ်။ ဒဏ်ရာရတဲ့ ၂  ယောက်ကိုတော့ ကားပေါ်မတင်သွားတယ်။ သူတို့ဆီက လက်နက်တော့ မရခဲ့ဘူး" လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တပ်ရင်း - ၁၊ တပ်ခွဲ - ၁နဲ့ တပ်ခွဲ ၂ (ဂဠုန်)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း မြိုင်မြို့နယ် ကန်နီပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ပျူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10