ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေ လက်နက်ကြီးနဲ့ပစ်ခံရလို့ ၅ ဦးခန့်သေဆုံး

ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေ လက်နက်ကြီးနဲ့ပစ်ခံရလို့ ၅ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအနောက်ခြမ်းရှိ တောဝါကျောင်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ပျူစောထီးတွေ ဒီဇင်ဘာလ ၂၁ ရက်မနေ့ကညနေပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ၅ ဦးခန့်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အင်အား ၂၀ ဝန်းကျင်နဲ့ကင်းပုန်းဝတ်နေတဲ့ပျူစောထီးတွေကို မနေ့ကညနေ ၅ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်တွေက ၄၀ မမ လက်နက်ကြီး ၃ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

“ကျနော်တို့ဘက်က ပထမ ၁ လုံးပစ်တော့ သူတို့ဘက်က ၂ ချက်တော့ပြန်ပစ်တယ်။ တောပုရွာရဲ့ အနောက်ဘက်ခြမ်းက တောဝါကျောင်းနားက ငှက်ပျောခြံထဲမှာ ကင်းပုန်းဝတ်နေတာ။ ပစ်ပြီးလို့ မျက်မြင်ကတော့ ၁ ကောင်ထမ်းသွားတာတွေ့ရတယ်။ ဒီနေ့မနက်တောပုရွာရဲ့ နယ်မြေခံတယောက်ပြောပြချက်အရ ပျူ ၅ ကောင်သင်္ဂြိုလ်တယ်လို့ပြောတယ်” လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ မုံရွာခရိုင်တပ်ရင်း(၇) -Lightning People Defence Force ရဲ့ တပ်ခွဲမှူးက ပြောပါတယ်။

တောပုရွာဟာ ပျူစောထီးအများစုနေထိုင်တဲ့ကျေးရွာဖြစ်သလို စစ်ကောင်စီတပ်တွေလည်း မကြာခဏတပ်စွဲနေထိုင်လေ့ရှိတဲ့ရွာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၅ ရက်ကလည်း အဲ့ဒီရွာကို မုံရွာခရိုင်တပ်ရင်း(၇) - Lightning People Defence Forceအဖွဲ့က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးနဲ့ ပျူစောထီး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10