ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီကား မိုင်းထိပြီးပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးသူရှိ

ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီကား မိုင်းထိပြီးပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးသူရှိ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့၊ မြို့ရှောင်လမ်း၊ သက်ကယ်တန်းချောင်းနဲ့ သံလမ်းကြားမှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီကား မိုင်းထိပြီး ပစ်ခတ်မှုဖြစ်တာကြောင့် ထိခိုက်သေဆုံးသူရှိတယ်လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ ဆီက သိရပါတယ်။

အောက်တိုဘာလ ၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်လောက်မှာ ရွှေဘိုတက္ကသိုလ်ထဲကနေ အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီအဖွဲ့ဟာ ကား ၃ စီးနဲ့ ကင်းပတ်လာချိန်မှာ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"အာရာဖတ် ၂ စီး၊ ကန်တာ ၁ စီးနဲ့ထွက်လာတာ မိုင်းကွင်းထဲရောက်လာတော့ မိုင်းဆွဲလိုက်တာ ကား ၁ စီးကထိပြီး ရပ်သွားတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တာရှိတော့ နာရီဝက်လောက် တိုက်ပွဲဖြစ်သွားတယ်" လို့ နယ်စည်းမခြားရွှေဘိုသား အဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဲဒီ မိုင်းဆွဲပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုကိုတော့ မျက်မြင်အခြေအနေနဲ့ ဒေသခံသတင်းပေးတွေဆီကနေ အတည်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဘက်က စစ်ကူထပ်ရောက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကိုတော့ နယ်စည်းမခြားရွှေဘိုသား LPDF အဖွဲ့နဲ့ရွှေဘိုသခင်ကြီးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။  

အောက်တိုဘာ ၁ ရက်နေ့ ညက ရွှေဘိုမြို့ ၊ မြို့ရှောင်လမ်းအနီး ရွှေဘိုမြို့နဲ့ထောင်အကြား ဝပါဘုန်းကြီးကျောင်းအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းထိလို့ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားသေးတယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မိုင်းဆွဲတိုက်ခိုက်ခံရ #စစ်ကောင်စီ #နယ်စည်းမခြားရွှေဘိုသားအဖွဲ့ #စစ်ကိုင်းတိုင်း #ရွှေဘို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10