ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ် မိုင်းထိလို့ ၃ ဦးသေ ၇ ဦးဒဏ်ရာရ

ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ် မိုင်းထိလို့ ၃ ဦးသေ ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေပြီး ၇ ဦး ဒဏ်ရာရသွားတယ်လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက် ည ၁၁ နာရီခန့်မှာ ရွှေဘိုတက္ကသိုလ်ဝင်းအတွင်းကနေ အင်အား ၃၀ ခန့်နဲ့ ခြေလျင် ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို သန်းထိုက်အောင်စက်သုံးဆီဆိုင်နဲ့ ရွှေမိစက်သုံးဆီအရောင်းဆိုင်ကြား အရောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မိုင်းက စုစုပေါင်း ၂၀ ကျော် ဆွဲပြီးတိုက်ခိုက်ခဲ့တာ။ အနီးကပ်မိုင်းခွဲဖို့ မလွယ်လို့ အဝေးကနေပဲ မိုင်းခွဲခဲ့ရတာ။ ထိခိုက်သေဆုံးအခြေအနေကတော့ မနက်ပိုင်းကျမှ ပြန်သိရတာ။ လမ်းပေါ်မှာလည်း သွေးကွက်တွေ ကျန်ခဲ့တယ်" လို့ နယ်စည်းမခြား ရွှေဘိုသားအဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရကာ ပြန်လည်ပစ်ခတ်တာတောင် မလုပ်ဘဲ သေဆုံးဒဏ်ရာရသူတွေကို ရွှေဘိုမြို့ဘက်ကို ကားနဲ့ပြန်သယ်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေနေကိုတော့ မြေပြင်သတင်းပေးတွေက ပေးပို့တဲ့ သတင်းအချက်အလက်အရ ပြန်သိရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့၊ ရွှေဘိုသခင်ကြီးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက် ညကလည်း ရွှေဘိုမြိုနယ်၊  မြို့ရှောင်လမ်းနားမှာ  စစ်ကောင်စီသံပြားကာကား မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေပြီး ဒဏ်ရာရသူများပြားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်ဖွဲ့  မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ရွှေဘို_ကျောက်မြောင်းလမ်း #ကင်းလှည့် #မိုင်းဆွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10