ကင်းလှည့်နေတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ ၃ဦးသေဆုံးဟုဆို

ကင်းလှည့်နေတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ ၃ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း ပုလဲမြို့အနောက်ပိုင်း ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကင်းလှည့်နေတဲ့ စစ်သား ၁၁ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၃ဦးသေဆုံးခဲ့တယ်လို့ ဒေါင်းနက်နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဧပြီလ ၁ ရက် ဒီနေ့မနက် ၈ နာရီခွဲဝန်းကျင်လောက်မှာ ကင်းလှည့်နေတဲ့စစ်သားတွေကို ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပေ ၅၀၀ အကွာအရောက်မှာ ရှေ့ထွက်မိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ပေ က ပြောပါတယ်။


" ရှေ့ထွက်မိုင်း ၄လုံးဆွဲလိုက်တဲ့အခါမှာ ၃ယောက် ကားခနဲ ကျသွားတယ်လို့ မြင်လိုက်ရပြီး ကျနော်တို့ ရဲဘော်တွေက ထွက်ပြေးလာခဲ့တယ်။ နောက်ဆုံး ပုလဲမြို့ထဲက သတင်းပေးချက်အရ ၃ယောက် သေတယ်။ ၂ယောက် ဒဏ်ရာရတယ်လို့ ကျနော်တို့ဆီ သတင်းရောက်လာပါတယ်" လို့ ပြောပါတယ်။

မိုင်းဆွဲခံလိုက်ရတဲ့ စစ်သားတွေဟာ ပုလဲမြို့ပေါ်အထိုင်ချထားတဲ့ စစ်သားတွေဖြစ်လို့ ပုလဲမြို့စောင့်တပ်လို့ အခေါ်များပြီး တပ်အတိအကျကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း ဆားလင်းကြီးမြို့နယ် နဲ့ ယင်းမာပင်မြို့အစပ်မှာရှိတဲ့ စစ်ကောင်စီယာယီစခန်းကို ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း- ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10