ကညနရုံးနဲ့ စီးပွားရေးဘဏ်က စစ်သားတွေ တိုက်ခိုက်ခံရလို့ ၄ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ကညနရုံးနဲ့မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်ကောင်စီ အဖွဲ့တွေ တိုက်ခိုက်ခံရလို့ ၄ ဦးသေတယ်လို့ စိုင်နိုင်တိုက်နယ် ပ.က.ဖ(သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ )ဆီက သိရပါတယ်။

ဒီဇင်ဘာလ ၉ ရက် ည ၉ နာရီကျော်ခန့်က အင်အား ၄၀ ခန့်ရှိနေတဲ့ ကညနရုံးက စစ်ကောင်စီအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဒီဇင်ဘာလ ၁၀ ရက် မနက် ၂ နာရီခန့်မှာ အင်အား ၁၅ ဦးခန့်သာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်ကောင်စီအဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကညနရုံးကို တိုက်ခိုက်ချိန် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ကြာပြီး မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်ကောင်စီအဖွဲ့တွေကို တိုက်ခိုက်ချိန်မှာ ၁၀ မိနစ်ခန့်သာ ကြာခဲ့တယ်လို့ သိရပါတယ်။

ကညန ရုံးတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး၊ ၁ ဦးဒဏ်ရာရခဲ့သလို မြန်မာ့စီးပွားရေးဘဏ် တိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ချိန်နဲ့ ဖြစ်ပြီးချိန်မှာ ရွှေဘိုမြို့ထဲက စစ်ကောင်စီအဖွဲ့တွေ စစ်ကူလာတာမရှိဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ စိုင်နိုင်တိုက်နယ် ပ.က.ဖ(သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ )(ဝက်လက်မြို့နယ်)၊ တာနောယက္ခ ပြည်သူ့လုံခြုံရေးအဖွဲ့(ရွှေဘိုမြို့နယ်)၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ ရွှေဘိုခရိုင်တပ်ရင်း(၂၃)တပ်ခွဲ-၁ (နောင်ရိုးArmy) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီဇင်ဘာလ ၉ ရက် ညကလည်း ရွှေဘိုတက္ကသိုလ်ကျောင်းရှေ့နဲ့ ကညနရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရလို့ ၇ ဦးဒဏ်ရာရတယ်လို့သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်

#မြေလတ်အသံ

#မြေလတ်သတင်း #ရု့ပ်သံသတင်း #စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ကညနရုံး #စီးပွားရေးဘဏ် #စစ်ကောင်စီ #တိုက်ခိုက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10