ကထိန်မှာ ကခုန်ရင်း ဓားထိုးမှုဖြစ်လို့ လူငယ် ၁ ဦးသေဆုံး

ကထိန်မှာ ကခုန်ရင်း ဓားထိုးမှုဖြစ်လို့ လူငယ် ၁ ဦးသေဆုံး

မကွေးတိုင်း၊ မကွေးမြို့နယ် ရေခါးကျေးရွာမှာ ကထိန်အလှူပွဲအပြီး ကခုန်ရာက ရန်ဖြစ်ပြီး လူငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီဇင်ဘာလ ၃ ရက် နေ့လယ်ပိုင်းမှာ ကထိန်အလှူပွဲအပြီး ဆိုင်းဝိုင်းတွေနဲ့ဖျော်ဖြေရာ ကျေးရွာထဲက လူငယ်တွေနဲ့ ကလေးတွေပါ ကခုန်နေကြချိန် လူငယ်တွေ စကားများပြီး ဓားထိုးမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"ကနေရင်းနဲ့ တိုက်မိကြတာလို့ သိရတယ်။ အဲ့ကနေ ဘာမှမဟုတ်ဘဲ စကားများကြတာ။ ပြီးတော့ ဓားထိုးမှုဖြစ်တာ။ တယောက်ကတော့ သေသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဓားနဲ့ထိုးခံရလို့ ကိုသက်(ခ)သက်ဇော်နိုင် အသက် ၂၅ ဝန်းကျင်အရွယ်ရှိသူဟာ ဗိုက်မှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

သေဆုံးသူနဲ့ တရွာတည်းနေတဲ့ အသက် ၁၈ နှစ်အရွယ် သက်ဇော်ဦး၊ အသက် ၂၂ နှစ်အရွယ်မြင့်သူ၊ အသက် ၂၃ နှစ်အရွယ် နေစိုးကြီး(ခ) စိုးမိုးအောင်၊ အသက် ၃၀ နှစ်အရွယ် သက်ဆွေဦးနဲ့ အသက် ၄၅ နှစ်အရွယ် ဟန်ဝင်းတို့က ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာဖြစ်ပြီး သူတို့ထဲမှာ ဘယ်သူက ဓါးနဲ့ထိုးခဲ့လဲဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ 

လက်ရှိမှာ အချို့က ထွက်ပြေးနေကြပြီး အချို့ကိုတော့ ရဲစခန်းမှာ ဖမ်းဆီးထားကာ ကိုသက်ရဲ့ အလောင်းကိုတော့ ဒေသခံတွေက မိကျောင်းရဲတိုက်နယ်ဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေခါး #လူငယ် #ဓားထိုးမှု #သေဆုံး #သတင်း #မြေလတ်သတင်း #လူသတ်မှု #မှုခင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10