ကနီက စစ်ရှောင်တွေကို KLG PDF က ဆန်နဲ့ဟင်းသီးဟင်းရွက်တွေ ထောက်ပံ့

ကနီက စစ်ရှောင်တွေကို KLG PDF က ဆန်နဲ့ဟင်းသီးဟင်းရွက်တွေ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကို ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့က ဇန်နဝါရီလ ၂၁ ရက်မနေ့က ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ ကနီမြို့နယ်ရှိ ကျေးရွာက ဒေသခံတွေကို မနေ့ကညနေ ၃ နာရီလောက်မှာ သွားရောက်ထောက်ပံ့ပေးခဲ့တာလို့ ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“မနေ့က ညနေ ၃ နာရီမှာ သွားရောက်ထောက်ပံ့ပေးခဲ့တာ၊ ဆန် ၅ တင်း နဲ့ ဟင်းသီးဟင်းရွက်တွေ ထောက်ပံ့ပေးခဲ့တယ်” လို့ ပြောပါတယ်။

ကျောက်လုံးကြီး KLG အဖွဲ့အတွက် လိုအပ်နေတဲ့အချိန်တွေမှာလည်း ပြည်သူတွေက ကူညီခဲ့တာတွေရှိခဲ့တာကြောင့် အခုလိုပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ပြန်လည် ထောက်ပံ့ပေးခဲ့တာလို့လည်း ဆိုပါတယ်။

ကနီမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ချင်းတွင်းမြစ်အရှေ့ဘက်က ရွှေစာရေး၊ လေးမြေ၊ ဝန်ပို၊ ညောင်သူများ၊ ထန်းတော၊ စနွန်း၊ ကွမ်းခြံနဲ့ မြစ်အနောက်ဘက်ကမ်းက သပြေတော၊ အုန်းပင်ဆိပ်၊ နတ်လပို့၊ တောင်ရွာ၊ ဒေါင်းခြံ၊ နတ်လပို့မြောက်ရွာ၊ ကျွန်းကလေး၊ နွားခြံကုန်း၊ ကျောက်ကုန်း၊ နှောပင်ကျောက်မှော်၊ ယင်းဘိုး စတဲ့ ရွာတွေက ပြည်သူ ၃ ထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10