ကနီက ဆက်သွယ်ရေးတပ်စခန်းကို ၂ရက်မြောက်နေ့မှာ PDF တွေသိမ်းနိုင်ခဲ့

ကနီက ဆက်သွယ်ရေးတပ်စခန်းကို ၂ရက်မြောက်နေ့မှာ PDF တွေသိမ်းနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ကောင်စီတပ်စခန်းတခုကို နိုဝင်ဘာ ၂၃ရက် ဒီမနက် ၁၀နာရီကျော်မှာ အပြီးအသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ကနီ PDFက ပြောပါတယ်။

ကနီမြို့နယ်၊ ဆယ်ရွာချောင်နဲ့ လာပို့ရွာအနီးမှာရှိတဲ့ အင်အား ၄၀ နီးပါးရှိပြီး မြေအောက်တိုက်ခန်းသုံးခုနဲ့ အခိုင်အမာပြုလုပ်ထားတဲ့ ဆက်သွယ်ရေးတပ်စခန်းကို နိုဝင်ဘာ ၂၂ရက် မနေ့ကမနက် ၆နာရီကျော်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီကနေ့မနက်မှာ သိမ်းပိုက်ရရှိတာ ဖြစ်ပါတယ်။

"အခု ကျနော်တို့ရဲဘော်တွေ ရှင်းလင်းရေးလုပ်နေပြီ။ စကစသေဆုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်မသိရသေးဘူး။"လို့ ကနီ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တိုက်လေယာဥ် ၁စီးနဲ့ ဗုံးကြဲတိုက်ကူပေးခဲ့တာကြောင့် PDF ရဲဘော် ၄ ဦးသေဆုံးခဲ့သလို ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ကျဆုံးရဲဘော်တွေနဲ့ ဒဏ်ရာရရဲဘော်တွေက ဘယ်တပ်ရင်း၊ တပ်ဖွဲ့တွေက ရဲဘော်တွေဆိုတာကိုတော့ လောလောဆယ်မသိရသေးဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်မှလည်း တိုက်ပွဲအတွင်း ၂၀ ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ၁၀၀ခန့် သိမ်းဆည်းရခဲ့တယ်လို့သိရပေမယ့် အသေးစိတ်အချက်အလက်ကို မြေလတ်အသံက အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။

အခုသိမ်းပိုက်ရရှိတဲ့ ဆက်သွယ်ရေးတပ်စခန်းဟာ ၂၀၀၀ ခုနှစ်မှာ ကနီမြို့နယ်ရှိ မုံရွာ-ယာကြီး-ကလေးဝ-ကားလမ်း မိုင်တိုင်အမှတ် ၆၀ ရဲ့မြောက်ဖက် ၂ ဖာလုံအကွာမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဗိုလ်မှူး လင်းသက်အောင် ဦးစီးနေတာဖြစ်ပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ကနီသတင်း #စခန်းသိမ်းတိုက်ပွဲ #PDF #စစ်ကောင်စီ #ဆက်သွယ်ရေးတပ်စခန်း #သတင်း #တိုက်ပွဲသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10