ကနီက CDM ဆင်မိသားစု ရပ်တည်ရေး အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှာ CDM ဝင်ထားတဲ့ ဆင်ဦးစီးမိသားစုဝင်တွေအတွက် အထောက်အပံ့တွေ မရှိလို့ စားဝတ်နေရေးနဲ့ ကျန်းမာရေးပိုင်းမှာ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့နှစ်ကုန်ပိုင်းမှာ ဆင်တွေ ကျန်းမာရေးမကောင်းလို့ ဆင် ၁ ကောင်သေဆုံးခဲ့ပြီး ဆက်လက်ရပ်တည်နိုင်ဖို့ ကိုလည်း အကြပ်အတည်းတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၁ ရက်က CDM ဆင်ဦးစီးမိသားစုဝင်တွေကို ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့က ဆန် ၁ တင်းခွဲ ၃၂ အိတ်၊ ကနီမြို့ ပြည်သူတွေက ငွေ ၄ သိန်း ၅ ထောင်ကျပ် နဲ့ ကနီမြို့နယ် လူသားချင်းစာနာအဖွဲ့က ငွေကျပ် သိန်း ၁၀၀ ကို သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ KLG ရဲဘော်က ပြောပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကနီမြို့နယ်အတွင်းက ဆင်ဦးစီးအိမ်ထောင်စု ၃၂ စု လူဦးရေ ၁၁၇ ဦး နဲ့ ဆင် ၃၆ ကောင်ပါ CDM ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - CM

# မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10