ကနီနယ်က ပျူရွာစခန်းကို ဗုံးသီးတပ် မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်လို့ ၂ ဦး ဒဏ်ရာရ

ကနီနယ်က ပျူရွာစခန်းကို ဗုံးသီးတပ် မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်လို့ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်း(ပျူ)ရွာက စစ်ကောင်စီစခန်းကို ဇူလိုင် ၄ ရက် ညနေ ၄ နာရီကျော်မှာ ဗုံးသီးတပ် မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်က ၂ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ KGL-PDF က ပြောပါတယ်။

 

ပျူစောထီးအပါအဝင် ရဲနဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်တပ်စွဲထားတဲ့ အဲ့ဒီကျေးရွာ စစ်စခန်းက စစ်ကောင်စီဗိုလ်နေထိုင်တဲ့ နေအိမ်တွေကို အဓိကထားကာ မောင်းသူမဲ့လေယာဥ် ၂ စီးနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

"1kg ဗုံးသီးတပ်ပြီး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်။ စစ်သားတကောင်နဲ့ ပျူတကောင် ဒဏ်ရာရလို့ အတည်ပြုနိုင်ခဲ့တယ်။ ဒဏ်ရာရသူရဲ့ အသေးစိတ်အချက်အလက်ကို သိရပေမယ့် ထုတ်ပြောရင်သတင်းပေးအတွက် အန္တရာယ်ရှိနိုင်လို့ပါ"လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကျောက်လုံးကြီး (KGL PDF)မှ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

 

 

တိုက်ခိုက်ချိန်အတွင်း မောင်းသူမဲ့လေယာဉ်တွေနဲ့ ရွာရဲ့အနီးပတ်ဝန်းကျင်တွေကို စစ်ကောင်စီဘက်က မိနစ် ၃၀ ခန့်အကြာ လက်နက်ငယ်တွေ၊ ၆၀ မမ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် လေယာဥ်တွေနဲ့ PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

 

ပြီးခဲ့တဲ့ဇွန်၂၅ ရက်မှာလည်း မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်(ပျူ)ရွာစခန်းကို KGL-PDFနဲ့ နယ်မြေခံ ပကဖတွေက မောင်းသူမဲ့လေယာဥ် ၃ စီးနဲ့ ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #ပျူစောထီး #စစ်ကောင်စီစခန်း #တိုက်ခိုက်မှု #KLGPDF #မောင်းသူမဲ့လေယာဉ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10