ကနီမြို့နယ်ထဲမှာ အခြေခံကွန်မန်ဒို သင်တန်းဆင်းပွဲ ပြုလုပ် (ရုပ်/သံ)

မုံရွာခရိုင် တပ်ရင်း ၂၅၊ တပ်ခွဲ ၅ က ရဲဘော်တွေရဲ့ အခြေခံကွန်မန်ဒိုသင်တန်းဆင်းပွဲကို ဇူလိုင် ၂၈ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ ပြုလုပ်ခဲ့ပါတယ်။

ဧပြီ ၂ ရက်က စတင်ခဲ့တဲ့ ၃ လကြာသင်တန်းကို ရဲဘော် ၁၈ ဦးတက်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှာ သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တာလို့ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်း၊ တပ်ခွဲ ၅၊ ဒုတပ်ခွဲမှူး ကိုအာကြီးက ပြောပါတယ်။

လက်ရှိကာလမှာတော့ ခုခံစစ်အစား တိုက်စစ်နဲ့ မြို့သိမ်းစစ်တွေကို စတင်ခြေလှမ်းနေပြီ ဖြစ်တဲ့အတွက် ရဲဘော်တွေကို ကွန်မန်ဒိုအကြမ်းသင်တန်းတွေ ပေးခဲ့တာလို့ သူကဆက်ပြောပါတယ်။

သင်တန်းဆင်းပွဲမှာတော့ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲက တာဝန်ရှိအကြီးအကဲတွေ မြို့နယ်အတွင်းက ပကဖ ပအဖ အဖွဲ့အစည်းတွေ တက်ရောက်ပြီး ယင်းမာခရိုင် ဗျူဟာ ၄၇ က ဗျုဟာမှူးက အားပေးစကားပြောသွားတယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲမှာ ထူးချွန်ရဲဘော်တွေကို ဆုချီးမြှင့်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #ကွန်မန်ဒိုသင်တန်း #သင်တန်းဆင်းပွဲ #ယင်းမာပင်ခရိုင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10