ကနီမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာနေလို့ ဒေသခံထောင်ချီပြီး ညအချိန်ထွက်ပြေးခဲ့ရ

ကနီမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာနေလို့ ဒေသခံထောင်ချီပြီး ညအချိန်ထွက်ပြေးခဲ့ရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးလာနေတာကြောင့် ယမန်နေ့ သြဂုတ်၂၅ ရက် ည ၇နာရီမှာ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၇ က ပြောပါတယ်။

ယင်းမာပင်မြို့နယ်၊ စေသူကျေးရွာ သစ်ကွင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၃၀၀ ခန့်က ကနီမြို့နယ်ဘက်ကို သစ်တွေခိုးထုတ်ဖို့ရာ စစ်ကြောင်းထိုးလာနေတာဖြစ်ပြီး လက်ရှိမှာ စစ်ကြောင်းဟာ ကနီနဲ့ယင်းမာပင်မြို့နယ်အစပ်ကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

"ကနီနယ်ထဲကိုတော့ မရောက်သေးဘူးဗျ။ ဒီကောင်တွေက လူတွေမရှိတော့တဲ့ ရွာတွေကနေ သစ်တွေခိုးယူဖို့လာတာ ဖြစ်နိုင်တယ်။ သစ်ကွင်းကကောင်တွေ ဆိုတော့။ စစ်ကြောင်းလာတယ်လို့ သတင်းကြားတာနဲ့ ဒေသခံတွေက ရွာ မှာမနေရဲလို့ထွက်ပြေးခဲ့ကြတာ" လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၇(B-21Kani PDF)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ထွက်ပြေးနေရတဲ့ ဒေသခံတွေကတော့ နွားခြံကုန်း၊ ကျောက်ကုန်း၊ နတ်လဘို့တောင်ရွာ၊ ဒေါင်းပျံ၊ အုန်းပျံဆိပ်၊ တောင်ပေါက်စတဲ့ ကျေးရွာတွေအပါအဝင် ၉ ရွာကဒေသခံတွေ ဖြစ်ကြတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်မှာလည်း စစ်ကောင်စီတပ်သားတွေက ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာကို ဝင်ရောက်တပ်စွဲလာတာကြောင့် အဲ့ဒီကျေးရွာအနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်ထိနေရပ်ကို မပြန်လာနိုင်သေးကြဘူးလို့ သူကဆက်ပြောပါတယ်။

လက်ရှိစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်မှာ စေသူကျေးရွာ၊ သစ်ကွင်းက သစ်တွေကို ရေကြောင်းကနေ ခိုးထုတ်ယူနေချိန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ပြည့်အောင်နိုင်(ကနီ)။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ကနီမြို့နယ် #စစ်ကောင်စီ #စစ်ကြောင်းထိုး #စစ်ရှောင် #ညအချိန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10