ကနီမြို့ပေါ်က စစ်တပ်ကို PDF တွေက ဗုံးကြဲ၊ မိုင်းခွဲတိုက်ခိုက်လို့ သေဆုံးမှုရှိ

ကနီမြို့ပေါ်က စစ်တပ်ကို PDF တွေက ဗုံးကြဲ၊ မိုင်းခွဲတိုက်ခိုက်လို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ အလယ်ကျွန်းရွာနဲ့ ကနီမြို့ပေါ် နေရာတွေကို အောက်တိုဘာ ၃၁ ရက် ညပိုင်းက မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့သလို ကနီမြို့ပေါ်ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့လည်း တိုက်မိုင်းမိလို့ ၄ ဦးသေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့ဆီက သိရပါတယ်။

ကနီမြို့နယ်က အလယ်ကျွန်းရွာနဲ့ ကနီမြို့ပေါ်ကို အောက်တိုဘာ ၃၁ ရက် မနေ့ညက ၁၁ နာရီလောက်မှာ ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့ရာမှာ သေဆုံးထိခိုက်မှုအခြေအနေကို မသိရသော်လည်း ဗုံးကြဲချခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးခန့်က ကနီမြို့အရှေ့ဘက် ရှမ်းမြောင်းကျေးရွာကို ကင်းပတ်ထွက်လာအချိန် PDF တွေ ထောင်ထားတဲ့ တိုက်မိုင်းထိပြီး ၄ ဦးသေဆုံးကာ ၃ ဦး အပြင်အထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာမှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ဒဏ်ရာရတဲ့သူတွေကို ကနီမြို့ပေါ်ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကလည်း ဟုမ္မလင်းမြို့ကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီထောက်ပို့ သင်္ဘော ၇ စီးကို ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့က ကနီမြို့နယ် ကင်းကျေးရွာအနီးနဲ့ ကြောင်မျှောင်တောင်အနီးတို့မှာ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ‌ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့က ထောင်ခဲ့သည့် တိုက်မိုင်းများ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကနီမြို့နယ် #စစ်ကောင်စီ #အလယ်ကျွန်းရွာ#ကျောက်လုံးကြီးKLG #PDF #ဒရုန်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10