ကနီမြို့မရဲစခန်းမှူး မွေးနေ့ပွဲ ဗုံးသီးချတိုက်ခိုက်ခံရလို့ စခန်းမှူးအပါ ၂ ဦးသေဆုံးဟုဆို

ကနီမြို့မရဲစခန်းမှူး မွေးနေ့ပွဲ ဗုံးသီးချတိုက်ခိုက်ခံရလို့ စခန်းမှူးအပါ ၂ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့မရဲစခန်းမှ စခန်းမှူးထွန်းမြင့်ရဲ့ မွေးနေ့ပွဲကျင်းပနေချိန် သြဂုတ် ၃ ရက် မနက် ၈နာရီ မှာ မောင်းသူမဲ့လေယာဥ်နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် စခန်းမှူးနဲ့ နယ်ထိန်း သေဆုံးခဲ့တယ်လို့ KLG - PDF က ပြောပါတယ်။

ကနီမြို့မရဲစခန်းထဲ မွေးနေ့ပွဲကျင်းပနေချိန် 1Kg ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ရာ စခန်းမှူး ထွန်းမြင့်နဲ့ နယ်ထိန်း ဆန်းဌေးတို့ ၂ ဦးသေဆုံးကာ မြို့နယ်မှူး၊ ရဲမေတဦးနဲ့ ရဲမိသားစုဝင် ၂ ဦး စုစုပေါင်း ၄ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

"မွေးနေ့ပွဲလုပ်နေတယ်လို့ သတင်းရတာနဲ့ သွားတိုက်ခဲ့တာ။ စခန်းမှူးနဲ့နယ်ထိန်းကတော့ ဗိုက်ပွင့်ပြီး ပွဲချင်းပြီးသေတယ်။ သေဆုံး၊ ဒဏ်ရာရတာကိုတော့ ဖရဲသီးပြောလို့အတည်ပြုနိုင်ခဲ့တာ" လို့ ယင်းမာပင်ခရိုင် တပ်ရင်း 21/22/23 KLG PDF (ကျောက်လုံးကြီး)မှ ပြန်ကြားရေးတာဝန်ခံ အေတီ က ပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာပြင်းထန်စွာရရှိသွားကြတဲ့ ကနီမြို့နယ်ရဲမှူး၊ ရဲမေတဦးနဲ့ ရဲမိသားစုဝင် ၂ ဦးတို့ကို စစ်ကောင်စီတပ်သားတွေက ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ကြရတယ်လို့ အေတီ ကပြောပါတယ်။

အဆိုပါရဲစခန်းအတွင်းမှာ ရဲအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ ခန့်ရှိပြီး မွေးနေ့ပွဲကို တိုက်ခိုက်နေချိန်အတွင်း ရဲစခန်းနဲ့ စခန်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်ပေါ်စခန်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်လို့သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှု သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့မှုတွေကိုတော့ မြေလတ်အသံက သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ဇူလိုင်လ ၈ ရက်မှာလည်း ကနီမြို့နယ်၊ အလယ်ကျွန်း(ပျူ)ရွာစခန်းကို ယင်းမာပင်ခရိုင် တပ်ရင်း 21/22/23( KLG PDFကျောက်လုံးကြီး) အဖွဲ့က မောင်းသူမဲ့လေယာဉ်နဲ့ 1Kg ဗုံးသီး ၇ လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ဗိုလ်နေတဲ့ နေအိမ်၊ ပျူခေါင်းဆောင် နေအိမ်၊ လက်နက်ဂိုထောင်နဲ့ ပျူစောထီးတွေ ကင်းပုန်းဝပ်နေတဲ့ နေရာတွေကို ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကနီ #ရဲတပ်ဖွဲ့ #စစ်ကောင်စီ #ပျူစောထီး #တိုက်ခိုက်မှု #KLGPDF #ဒရုန်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10