ကနီမှာ ပစ်ခတ်ခံရလို့ ကင်းပုန်းဝပ်နေတဲ့စစ်သား ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိဟုဆို

ကနီမှာ ပစ်ခတ်ခံရလို့ ကင်းပုန်းဝပ်နေတဲ့စစ်သား ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိဟုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့အပြင်ဘက် ကြို့ပင်သာရပ်ကွက် ၃ မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သား ၃၀ ဦးကို ယမန်နေ့ မတ်လ ၃၀ ရက်၊ နေ့လယ် ၁၁ နာရီခွဲဝန်းကျင်မှာ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့ဆီက သိရပါတယ်။
ကြိုတင်သတင်းရလို့ စောင့်ဆိုင်းပစ်ခတ်ခဲ့တာဖြစ်ပြီး၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ကြိုပြီးသတင်းရလို့ စောင့်တိုက်ခိုက်ခဲ့တာ၊ သူတို့အတန်းလိုက်ထွက်လာတဲ့အချိန် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ တိုက်ခိုက်နိုင်ခဲ့တာ၊ သူတို့ဘက်က အင်အား ၃၀ ပါတယ်။ ပစ်ခတ်ချိန် ၄၅ မိနစ်လောက်ကြာတယ်၊ စစ်သား၂ ယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီး သေဆုံးပြီး ရဲ ၁ ယောက် နဲ့ စစ်သား ၁ ယောက်က ဒဏ်ရာရကြတယ်" လို့ ကျောက်လုံးကြီး KLG တပ်မဟာ ရဲဘော်တဦးက ပြောပါတယ်။

ကနီမြို့ပေါ်မှာက တပ်ပေါင်းစုံအထိုင်ချထားတာဖြစ်ပြီး ထောက်ပို့တပ်တွေ အများဆုံးစုနေတာလို့ ဆိုပါတယ်။

ပစ်ခတ်ပြီးနောက်ပိုင်း သေဆုံးသွားတဲ့ စစ်သား ၂ ဦးနဲ့ ဒဏ်ရာရ ရဲ ၁ ဦး စစ်သား ၁ ဦးကို ကနီမြို့ပေါ်ဆေးရုံပေါ်မှာ တင်ထားရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG တပ်မဟာ ၊ KLG PDF ကျောက်လုံးကြီးခရိုင် တပ်ရင်း-၂ ၊ DRPA အဖွဲ့နဲ့ နယ်မြေခံ ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းနေ့ မနက်အစောပိုင်းကလည်း ယင်းမာပင်မြို့ ဘန့်ဘွေးပျူရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုကို ကျောက်လုံးကြီး KLG တပ်မဟာ အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10