သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ကျောင်းသား ၃ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၆ ရက် မနေ့ည ၈ နာရီခွဲခန့်က မင်းကင်းနဲ့ ကနီမြို့နယ်အစပ်မှာရှိတဲ့ ကျောက်လှေကားရွာကို မကွေးလေတပ်က တက်လာတဲ့ ATR-42 MPA ကင်းထောက်ယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရွာအရှေ့ မြောက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
“ကျောင်းသား ၃ ယောက်ပါတယ်၊ အတော်ဆိုးဆိုးပဲ၊ ခေါင်းပွင့်တာတွေရော၊ ကြည့်ရတာ ကလေးတွေက ပစ်တဲ့အချိန် အိမ်ပေါ်ကပြေးဆင်းလာပုံပဲ၊ တမိသားစုထဲကလို့ ကြားတယ်။” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်အရွယ် Grade-6 ကျောင်းသား မောင်ဇင်ကိုချစ်၊ အသက် ၁၅ နှစ် အရွယ် Grade-7 ကျောင်းသူ မဇင်မြတ်နိုး၊ အသက် ၁၈ နှစ်အရွယ် Grade-12 ကျောင်းသူ မရွှေဇင်ဝင်းနဲ့ ကိုကျော်နိုင်လင်း အသက် ၃၆ နှစ်၊ ဒေါ်နွယ်နွယ်ဝင်း အသက် ၅၀ တို့ ၅ ဦး သေဆုံးခဲ့ကာ ပြည်သူ ၉ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
အဆိုပါ သေဆုံးပြည်သူတွေထဲမှာ ကိုကျော်နိုင်လင်း၊ မရွှေဇင်ဝင်းနဲ့ မဇင်မြတ်နိုးတို့ ၃ ဦးဟာ မိသားစုတစုထဲက ဖြစ်တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဒါ့အပြင် ည ၈ နာရီခွဲကျော်မှာတော့ အဆိုပါ ကင်းထောက်ယာဥ်နဲ့ နတ်ကြီးကျေးရွာကို ထပ်မံဗုံးကြဲခဲ့ကာ ပြည်သူသေဆုံးမှု မရှိပေမယ့် နေအိမ်တချို့နဲ့ စေတီတဆူ ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကျောက်လှေကားရွာနဲ့ နတ်ကြီးကျေးရွာက ပြည်သူတွေ လေကြောင်းရန်ကြောင့် ရှောင်တိမ်းနေရပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်ကလည်း နတ်ကြီးကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ကနီမြို့နယ် #စစ်ကောင်စီ #လေယာဉ် #ဗုံးကြဲ #ကျောင်းသား
Share Share Share