သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာကို ဖေဖော်ဝါရီ ၁၈ ဒီကနေ့ ညနေ ၅ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ 81 ၂ လုံးကြဲသွားတာပေါ့နော်၊ အရပ်သား ၃ ဦး သေဆုံးမှုရှိတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူ ၆ ဦးလောက်ရှိတယ်၊ အဲ့ထဲမှာ ၂ ဦးလောက်က အသက်အန္တရာယ် စိုးရိမ်ရတာရှိတယ်။”လို့ ကနီဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လယ် ၁၁ နာရီလောက်ကလည်း မုဌောကျေးရွာအနီးဝန်းကျင်ကို လေကြောင်းနဲ့ ဗုံးကြဲကာ စက်တပ်လေထီးနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး ပြည်သူထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။
ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလ အစကနေ ဒီကနေ့ထိ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရပ်သား ပြည်သူ ၇ ဦး သေဆုံးထားတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မုဌောအရှေ့ရွာရဲ့ ချင်းတွင်းမြစ် ကူးတို့ဆိပ်ကို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်လို့ သံဃာ ၁ ပါးအပါအဝင် ၃ ဦးဒဏ်ရာရခဲ့ပြီး စက်သုံးဆီတင် ကားတွေနဲ့ ဆိုင်ကယ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ဖေဖော်ဝါရီ ၁၈၊ ချောင်းမရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် အခင်းနေရာ
#မြေလတ်အသံ
#ကနီ #စက်တပ်လေထီး #ဗုံးကြဲ #ပြည်သူ #သေဆုံး #စစ်ကောင်စီ
Share Share Share