ကနီမှာ PDF တွေဦးဆောင်ပြီး စုံညီပွဲတော်နဲ့ အာစရိယပူဇော်ပွဲပြုလုပ်

ကနီမှာ PDF တွေဦးဆောင်ပြီး စုံညီပွဲတော်နဲ့ အာစရိယပူဇော်ပွဲပြုလုပ်

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းက ကျေးရွာတခုမှာ PDF တွေဦးဆောင်ပြီး ရပ်မိရပ်ဖတွေနဲ့ NUG ပညာရေး စုံညီပွဲတော်နဲ့ အာစရိယပူဇော်ပွဲကို ကျင်းပခဲ့ကြပါတယ်။

ဇူလိုင်လ ၆ရက် ဒီနေ့မနက်ပိုင်းမှာ ကနီမြို့နယ်အတွင်းက ကျေးရွာတခုမှာ ဒေသခံပြည်သူတွေနဲ့ အတူ ကျောင်းသူကျောင်းသားတွေ PDF ရဲဘော်တွေနဲ့ စေတနာ့ဝန်းထမ်း ဆရာ ဆရာမတွေ ပါဝင်ခဲ့ကြတယ်လို့ ဗိုလ်နုတ်ခမ်းမွှေးက ပြောပါတယ်။

" ကျနော်တို့ဆီမှာ ၁ နှစ်ကျောင်းပြီးလို့လုပ်တာပါ၊ကျောင်းသားဦးရေက ရွာကသေးသေးဆိုတော့အရမ်းကြီးတော့သိပ်မများဘူး၊ပညာရေးအပိုင်းကတော့ ပုံမှန်သင်သလိုပါပဲ၊ကျနော်တို့အနေနဲ့မြို့နယ်ကလုပ်ခိုင်းတာကြောင့်လုပ်ကြတာပါ၊ကနီမှာနှစ်ပတ်လည်လုပ်တာပါ၊ကျနော်တို့ကမြို့နယ်ကစီမံချက်အတိုင်းပဲလုပ်တာ" လို့ ပြောပါတယ်။

အိမ်ခြေ ၁၅၀ ဝန်းကျင်သာရှိတဲ့ ကျေးရွာတခုဖြစ်ပြီး ဆရာ ဆရာမ ၁၀ ဦးနဲ့ ကျောင်းသား ဦးရေ ၁၅၀ ဝန်းကျင်ရှိကာ မနေ့က စာမေးပွဲဖြေဆိုပြီး တနှစ်ပြီးသွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10