ကန့်ဒေါင့် ကပစ ၂၃စခန်း တိုက်ခိုက်ခံရပြီး နှစ်ဖက်ဒဏ်ရာရသူများရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာရှိ အမှတ် ၂၃ ကာကွယ်ရေးပစ္စည်းစက်ရုံမှာ တပ်စွဲထားတဲ့ ကန့်ဒေါင့်စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇူလိုင်လ ၁၉ ရက်ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။ 

အဲ့ဒီ ကန့်ဒေါင့်စခန်းမှာ စစ်သားအင်အား ၆၀ ဦးဝန်းကျင်တပ်စွဲနေပြီး သူတို့ကို မနေ့ည ၇ နာရီက‌နေစပြီး ၁ နာရီခွဲအကြာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။ 

ထိတွေ့ပစ်ခတ်မှု ၄ ကြိမ် ဖြစ်ခဲ့ပြီး ဒေသခံတွေပြောပြချက်အရ အဲဒီစခန်းက စစ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို ကာကွ‌ယ်ရေးဘက်က ရဲဘော်တဦးလည်း ကျည်ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။

"ကပစ တပ်ရင်း ၂၃ က စစ်သားတွေဘက်က လက်နက်ကြီးနဲ့ပြန်ပစ်လို့ ပြည်သူနေအိမ်ခေါင်မိုးပေါ်ကျပြီး အိမ်တလုံးမီးလောင်ဆုံးရှုံးခဲ့တယ်။" လို့ ဗျူဟာမှူး သခင်ဒေါင်းညိုကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့၊ ကျားသစ်နက်ပြောက်ကျားတပ်၊ MRDA တပ်ရင်း ၂၊ ဒေါင်းညီနောင်နဲ့ တိုက်နယ် ၇ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပုလဲ #ကန့်ဒေါင့်စခန်း #ကပစ၂၃ #တိုက်ခိုက်ခံရ #စစ်သား #PDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10