ကန့်ဘလူက ကျေးရွာ ၄ ခုကို တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လှည့်ပတ် ပစ်ခတ်ခဲ့

ကန့်ဘလူက ကျေးရွာ ၄ ခုကို တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လှည့်ပတ် ပစ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျဉ်းကြီးကုန်း‌၊ ညောင်ဇင်၊ သရက်ခေါင်း၊ အင်းမကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေပစ်လို့ နေအိမ်တွေထိ ခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပကဖထံက သိရပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လည် ၁ နာရီခန့်ကစပြီး စစ်ကောင်စီတပ်ရဲ့ Mi-35 ရဟတ်ယာဥ်တစီးကနေ ကျေးရွာတွေအတွင်းနဲ့ ရွာအနီးလယ်ကွင်းတဲတွေကိုပစ်ခတ်ခဲ့တာဖြစ်ပြီး တရွာကိုပစ်ခတ်ချိန် ၁၀ မိနစ်ခန့်ကြာခဲ့တယ်လို့ ဆိုပါတယ်။ 

"PDF တွေရှိတယ်အထင်နဲ့လာပစ်တာလား၊ ဒေသခံတွေကို အကြောက်တရားပေးချင်လို့ လာပစ်တာလားတော့မသိဘူး။ စက်လက်ကျည်လာကျတဲ့နားက ဒေသခံတွေကျတော့ ဝရုန်းသုန်းကား ထွက်ပြေးသူ၊ ပုန်းသူတွေရှိကြတယ်" လို့ ကန့်ဘလူမြို့နယ်ပကဖ စစ်ရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဘက်က လေယာဥ်နဲ့ပစ်ခတ်သွားလို့ ဒေသခံတွေထိခိုက်သေဆုံးတာမရှိပေမယ့် မန်ကျည်းကုန်းကျေးရွာနဲ့ အင်းမရွာက နေအိမ် ၁၀ လုံးခန့် ကျည်ဖောက်ဝင်ရာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုမကြာခဏပြုလုပ်နေကာ နိုဝင်ဘာလအတွင်းမှာဘဲ ၅ ကြိမ်ခန့် တိုက်ခိုက်မှုရှိခဲ့ပြီး နိုဝင် ဘာလ ၁၄ ရက်နေ့က ပုဏ္ဏားငယ်ရွာနဲ့ နှောကုန်းကျေးရွာကြားတိုက်ပွဲဖြစ်ပွားတာကို ရဟတ်ယာဥ်နဲ့ ၁ နာရီကျော်ကြာပစ်ကူပေး တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီတပ် #လေကြောင်းတိုက်ခိုက် #နေအိမ်ပျက်စီး #Mi 35 #ရဟတ်ယာဉ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10