ကန့်ဘလူတိုက်နယ် ပကဖ ထုတ်လုပ်ရေးစခန်း မီးလောင်ကာ သိန်း ၁,၀၀၀ ကျော်ဖိုးဆုံးရှုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တောင်ပိုင်းအခြေစိုက် ကန့်ဘလူတိုက်နယ် ပကဖထုတ်လုပ်ရေးစခန်း မီးလောင်ကာ သိန်း ၁,၀၀၀ ကျော်ဖိုးဆုံးရှုံးသွားတယ်လို့ စခန်းတာဝန်ခံထံက သိရပါတယ်။

ဧပြီလ ၇ ရက်နေ့ နေ့လည် ၁၂ အချိန်ဝန်းကျင်မှာ ထုတ်လုပ်ရေးစခန်းအတွင်းက ဒရုန်းဗုံးသီးထဲ ထည့်သွင်းအသုံးပြုတဲ့ စနက်တံကနေ အပူရှိန်ကြောင့် ပေါက်ကွဲခဲ့တာ ဖြစ်ပြီးထုတ်လုပ်ရေးစခန်းတခုလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

ထုတ်လုပ်ရေးစခန်းမီးလောင်လို့ စခန်းအတွင်းက ပစ္စည်းဂိုထောင်၊ လူနေဆောင် ၃ လုံး၊ စားဖိုဆောင်တွေ ပြာကျသွားပြီး ရဲဘော်တွေရဲ့အဝတ်အစားတွေကအစ အကုန်မီးလောင်သွားတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

 

ဒါ့အပြင် ပြည်သူလှူဒါန်းငွေတွေနဲ့ တနှစ်ကျော်စုဆောင်ထားတဲ့ ၆၀ မမ ကျည် ၈ လုံး၊ RPG ကျည် ၁ ဖူး၊TNT 7 လုံး၊ ကျည် ၅၀၀ ကျော်၊ လက်လုပ် ၉၁ မမ ၊ လက်လုပ် ၈၁ မမ၊လက်လုပ် Rocket တွေအပါအဝင် ဒရုန်း ၄ စီး၊ ခဲ၊ ယမ်းနဲ့ ဖုန်း၊ ComputerPrinter တွေပါ ပျက်ဆီးသွားကာ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော်ဖိုးလောက် ရှိတယ်လို့ သိရပါတယ်။

 

ထုတ်လုပ်ရေးစခန်းမီးလောင်ပေါက်ကွဲနေစဉ်မှာ Rocket ၂ လုံး ကျေးရွာများအနီး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် တစုံတယောက်မှ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ လက်ရှိ အဖွဲ့က ပျက်ဆီးဆုံးရှုံးသွားတဲ့ လက်နက်ခဲယမ်းတွေအတွက် အစားထိုးပြန်လည်ဝယ်ယူနိုင်ဖို့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#ကန့်ဘလူ #ပကဖ #ထုတ်လုပ်ရေးစခန်း #မီးလောင် #သိန်း၁၀၀၀ကျော် #ဆုံးရှုံး #အကူအညီလိုအပ် #မြေလတ်သတင်း #မြေလတ်ရုပ်သံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10