ကန့်ဘလူနယ်က အမြဲတမ်းစစ်ရှောင် ၄၀၀ အတွက် စောင်နဲ့အနွေးထည်လှူဒါန်း

ကန့်ဘလူနယ်က အမြဲတမ်းစစ်ရှောင် ၄၀၀ အတွက် စောင်နဲ့အနွေးထည်လှူဒါန်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်အတွင်းက အမြဲတမ်းစစ်ရှောင်ပြည်သူ ၄၀၀ အတွက် စောင်နဲ့အနွေးထည်တွေလှူဒါန်းပေးနိုင်ခဲ့တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ Infinity Group ထံက သိရပါတယ်။

ရွာမီးရှို့ခံရတာကြောင့် စစ်ရှောင်နေရတာ ၁ နှစ်ကျော်ကြာရှိပြီဖြစ်တဲ့ ကျေးရွာ ၉ ရွာက စစ်ဘေးရှောင်လူဦးရေ ၄၀၀ အတွက် ၁ အိမ်ထောင်ကို စောင် ၁ ထည်နဲ့ အိမ်ရှိလူဦးရေအားလုံးအတွက် အနွေးထည် ၁ ထည်စီ လှူဒါန်းပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။

" ကျနော်တို့ သွားလှူဖြစ်ခဲ့တဲ့နေရာက ကျွန်းလှကော၊ ကန့်ဘလူဘက်ကကော စစ်လာရှောင်နေတဲ့ နေရာ။ နောက်တခုက ပျူတွေကို လက်မခံလို့ပြေးလာတဲ့မိသားစုတွေလည်းပါတယ်။  လှူဒါန်းတာတွေက စစ်ရှောင်တွေအတွက်ကတော့ လုံလောက်မှုမရှိပါဘူး" လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ Infinity Group က တာဝန်ရှိသူတဦးက ပြောပါတယ်။

ယခုလို စစ်ရှောင်တွေအတွက် အနွေးထည်နဲ့စောင်တွေ လာရောက်လှူဒါန်းရတဲ့ငွေဟာ Infinity Group နဲ့ Supporters For ၅/ တို့က မဲရောင်းရငွေတွေနဲ့ လှူဒါန်းပေးနိုင်ခဲ့တာလို့ဆိုပါတယ်။

စစ်ရှောင်ဒေသတွေမှာ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေက မြို့ပေါ်ဒေသတွေထက် စျေးကြီးပေးဝယ်နေရသလို ဝယ်ယူရခက်ခဲနေပြီး ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်မှာ အမြဲတမ်းစစ်ဘေးရှောင် ၂၀၀၀၀ ကျော်ထိရှိနေကာ အများစုကတော့ စစ်ကောင်စီတပ်တွေရဲ့မီးရှို့တာခံရလို့ နေအိမ်မရှိကြသူတွေလို့  သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ကျွန်းလှ #စစ်ဘေးရှောင် #အနွေးထည် #လှူဒါန်းမှု #InfinityGroup #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10