ကန့်ဘလူနယ်၊ သရက်ခေါင်းရွာကို စစ်တပ်ကမီးရှို့ပြီး စစ်ရှောင် ၃ ဦးကိုပါ သတ်

ကန့်ဘလူနယ်၊ သရက်ခေါင်းရွာကို စစ်တပ်ကမီးရှို့ပြီး စစ်ရှောင် ၃ ဦးကိုပါ သတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၀င်ရောက်ကာ ကျေးရွာရှိနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၃ ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ဩဂုတ် ၃၀ ရက် မနက် ၂ နာရီခန့်တွင် စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ၃၆၁ ကစစ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းထားတဲ့ အင်အား ၁၅၀ ကျော်က လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ပြီး သရက်ခေါင်းရွာအတွင်းသို့ စစ်ကြောင်းထိုး၀င်ရောက်ကာ မနက် ၁၁ နာရီလောက်မှာတော့ ကျေးရွာအတွင်းရှိ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

သရက်ခေါင်းရွာကို စစ်ကြောင်းဝင်လာတဲ့အချိန် အနီးအနားကျေးရွာတွေကပါ ထွက်ပြေးတိမ်းရှောင်ကြရာက ပြည်သူ ၃ ဦးဟာ စစ်ကြောင်းနဲ့တည့်တည့်တိုးပြီး အသတ်ခံလိုက်ရတာဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှား သူများအဖွဲ့မှ အဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကြောင်းနဲ့တိုးပြီးအသတ်ခံလိုက်ရတဲ့ ပြည်သူ ၃ ဦးဟာ အင်တောပေါက်တဲတိုက်မှ ဦးကံထွန်း ၆၀ နှစ်၊ ဖလံချိုင်ရွာမှ မောင်ကောင်းမြတ် ၂၅ နှစ်နဲ့ ရင်ခတ်ကုန်းရွာမှ မောင်ရဲမင်း ၁၉ နှစ်တို့ သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

"ဦးကံထွန်းကို လက်ပြန်ကြိုးတုပ် ပစ်သတ်ပြီး ရေထဲချသွားတာ။ ကောင်းမြတ်ကလည်း အင်တောပေါက်တဲတိုက်ဘက်မှာပဲ စစ်ရှောင်ရင်း စစ်ကြောင်းနဲ့တိုးလို့ သတ်ခံရတာ။ ရဲမင်းက ရင်ခတ်ကုန်းထိပ်မှာ စစ်ရှောင်ရင်း စကစ ကင်းပုန်းနဲ့တိုးတာ"လို့ ‌ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောပါတယ်။

သရက်ခေါင်းကျေးရွာကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာဟာ အခုအကြိမ်နဲ့ဆို ၃ ကြိမ်ရှိပြီလို့ သိရပါတယ်။ 

အခုစစ်ကြောင်းဟာ  ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်ကနေ ၂၈ ရက်အထိ ၄ ရက်တိုင်တိုင် ရွာသစ်ရွာနဲ့ ဆီဆုံကြီးရွာမှာ တပ်စွဲပြီး ပြည်သူ ၃ ဦးကိုပါ ဖမ်းဆီးသတ်ဖြတ်သွားပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #သရက်ခေါင်း #စစ်ကောင်စီ #စစ်ကြောင်းထိုး #သတ်ဖြတ် #ပြည်သူ၃ဦး #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10