သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၅ လုံးပျက်စီးပြီ အမျိုးသား ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူဒေသခံတွေနဲ့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်ရဲ့တိုက်လေယာဥ် ၁ စီးဟာ ကန့်ဘလူမြို့နယ်၊ အလယ်ခုံကျေးရွာဘက်ကို ဗုံး ၄ လုံးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
"မိနစ် ၉၀ လောက် Y-12 ဝဲပြီးတော့မှ နောက်ထပ် ၁၅ မိနစ်လောက်အကြာမှာ ဂျက်ဖိုက်တာနဲ့ လာပစ်တာ။ အမှန်က အဲနားမှာလမ်းပြင်နေသူတွေရှိတယ်။ အဲ့ဒါကို လာပစ်သွားတာ။ ပေါင် ၂၅၀ ဗုံးနဲ့ ပစ်တာ။ ၁ ခါပစ် ၂ လုံး"လို့ ဒေသခံတဦးကပြောပါတယ်။
စစ်ကောင်စီဘက်က ကြဲသွားတဲ့ဗုံးတွေဟာ အလယ်ခုံရွာရှိ အထက စာသင်ကျောင်း အနောက်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အဲ့ဒီနေရာအနီးက နေအိမ် ၂ လုံးပျက်စီးကာ အသက် ၇၅ နှစ် အရွယ် ဦးပြူး ဆိုသူရဲ့ လည်ပင်းကို အစထိမှန်ပြီးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
"ဦးပြူးအိမ်နဲ့နောက် ၁ အိမ် ၂ အိမ်ကြားကို ဗုံးကျတာ။ သူက သူအိမ်ရဲ့အရှေ့ အရိပ်အာဝါသရှိတဲ့ နေရာက ကုတင်ပေါ်မှာရှိနေချိန်ထိတာ။"လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
ဗုံးကြဲခံရပြီးနောက် အိမ်ခြေ ၄၅၀ ခန့်၊ လူဦးရေ ၂၀၀၀ ခန့်ရှိတဲ့ အလယ်ခုံကျေးရွာက ဒေသခံအားလုံးဟာ ရွာမှာမနေရဲတော့ဘဲ ဘေးလွတ်ရာလယ်တောတွေနဲ့ ကျေးရွာတွေဘက်ကို ယာယီတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
အလားတူ အဲ့ဒီနေ့ ညနေ ၅ နာရီခွဲမှာလည်း ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာထဲကို ၁ ကြိမ်၊ ည ၇ နာရီခန့်မှာ ရွာကုန်းကြီးရွာအနီးဝန်းကျင်ကို နောက်ထပ် ၁ ကြိမ် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ ရွာကုန်းကြီးရွာက လူနေအိမ် ၃ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
"ကျွန်းလှအနောက်ခြမ်းကရွာ ဗုံးကြဲခံရတာ။ ပြည်သူထိခိုက်မရှိဘူးလို့တော့ သိထားရတယ်။ ထပ်တော့ စုံစမ်းနေဆဲပဲ။ ရွာကလူတွေကတော့ ညတွင်းချင်းရှောင်ကြတယ်။ ဗုံးထပ်ကြဲတာတွေ ဖြစ်မှာစိုးလို့။"ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ခံက ပြောပါတယ်။
အိမ်ခြေ ၄၀၀ ခန့်ရှိတဲ့ ရွာကုန်းကြီးကျေးရွာက ဒေသခံ ၁၅၀၀ ကျော်လည်း ဘေးလွတ်ရာ ကျေးရွာတွေကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၂ ရက် ညပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဒရုန်းနဲ့ဗုံးချလို့ ကလေး ၂ ဦးအပါအဝင်မိသားစုဝင် ၃ ဦးသေဆုံးခဲ့ပါသေးတယ်။
ပုံစာ - စစ်တပ်ဗုံးကြဲတိုက်ခိုက်လို့ ကျွန်းလှ၊ ရွာကြီးကုန်းရွာက နေအိမ်မီးလောင်နေပုံ။
စာတည်း - လင်း
#မြေလတ်အသံ
#ကန့်ဘလူ #ကျွန်းလှ #စစ်တပ် #ဗုံးကြဲ #ထိခိုက်
Share Share Share