သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုပ်ကြီးကျေးရွာပအဖ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသိန်းဝေဟာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၆ ရက် မနက် ၆ နာရီခန့်က 125 ဆိုင်ကယ်နဲ့ လူစိမ်း ၂ ဦးက သေနတ်နဲ့ပစ်ခဲ့လို့ ဦးသိန်းဝေရဲ့ ရင်ဘက်နဲ့ ဝမ်းဗိုက်ကို သေနတ် ၃ ချက် ထိမှန်ခဲ့ပါတယ်။ ပစ်ခတ်ခဲ့တဲ့ကျည်က 5.56 ကျည် အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။
"မိသားစုဝင်တွေ ပြောတာတော့ လမ်းမသိလို့ လမ်းစုံစမ်းဖို့ ဝင်လာတယ်ပြောပြီး ခဏအကြာ ပစ်သတ်သွားတာလို့ ပြောတယ်။ ကျနော်တို့ရောက်တော့ အသက်မရှိတော့ဘူး။” လို့ ရပ်ကျေး ပကဖ ခေါင်းဆောင်တဦးက မြေလတ်အသံကို ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဒေသဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်ပြီး စစ်ကောင်စီဘက်က ဝင်ရောက်ဖို့ ခက်ခဲတဲ့ ဒေသတခုဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပစ်ခတ်သွားသူတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ တာဝန်ရှိသူတွေက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကလည်း ကောလင်းမြို့နယ်၊ ရှမ်းကလုံးနဲ့ ရွှေတွင်းရွာကြားမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကောလင်းမြို့နယ် သယံဇာတအဖွဲ့ အတွင်းရေးမှူး အရိန္ဒမာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်းထဲက ကနီ၊ ကန့်ဘလူ၊ ကောလင်း စတဲ့ မြို့နယ် ၃ မြို့နယ်မှာ ၃ လအတွင်း အမျိုးသားညီညွတ်ရေး အစိုးရက ခန့်အပ်ထားသူ ၃ ဦး သတ်ဖြတ်ခံထားရကာ တရားခံတွေကိုတော့ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
သတင်း - သိုက်ထွန်း၊ စာတည်း - ချယ်ရီ
#မြေလတ်အသံ
#စစ်ကိုင်း #ကန့်ဘလူ #ပအဖ #အသတ်ခံရ #NUG
Share Share Share