ကန့်ဘလူမှာ ခရီးသည်တွေ လမ်းဘေးအပေါ့သွားချိန် မိုင်းထိလို့ ကလေး ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦးဒဏ်ရာရ

ကန့်ဘလူမှာ ခရီးသည်တွေ လမ်းဘေးအပေါ့သွားချိန် မိုင်းထိလို့ ကလေး ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ စပယ်နံသာကျေးရွာအနီးမှာ ခရီးသည်တင်ယာဥ်နဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ လမ်းဘေးအပေါ့ဆင်းသွားချိန် မိုင်းထိလို့ အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အမျိုးသမီး ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၁၁ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ရန်ကုန်ကနေ ကျွန်းလှမြို့ဘက်ကိုထွက်ခွာလာတဲ့ "ဝင်းမေတ္တာ" ခရီးသည်တင်ယာဥ်ဟာ ဖြစ်စဥ်နေရာအရောက်မှာ ကားပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီးတွေက ကျန်းမာရေးကိစ္စ အပေါ့ဆင်းသွားချိန်မှာ လမ်းဘေးမှာရှိနေတဲ့ မိုင်းက ထပေါက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"မိုင်းက တိုက်မိုင်းလို့ သိရတယ်။ အမျိုးသမီးတွေဆိုတော့ အပေါ့သွားတာ လူမမြင်ကွယ်ရာထိ သွားရတော့ ၁ ယောက်က တိုက်မိရာကနေ ဘေးကလိုက်သွားတဲ့ သူတွေပါထိတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းထိလို့အသက် ၃၅ နှစ်အရွယ်၊ အသက် ၂၄ နှစ်အရွယ်နဲ့ အသက် ၈ နှစ်အရွယ် အမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ သိရပြီး အဆိုပါ အမျိုးသမီးတွေဟာ ကျွန်းလှနဲ့ ကန့်ဘလူနေသူ ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသွားသူတွေကိုတော့ ဒေသခံတွေက ကန့်ဘလူဆေးရုံကို ပို့ဆောင်ပေးထားရပြီး ဆေးကုသမှု ခံယူနေရပါတယ်။ အဆိုပါမိုင်းကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်ထောင်ထားတယ်ဆိုတာ မသိရသေးပါဘူး။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #စပယ်နံသာကျေးရွာ #အပေါ့သွား #မိုင်းပေါက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10