သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ကို စစ်ကောင်စီဘက်က စစ်ကြောင်း ၄ ခုခွဲပြီးဝင်လာလို့ ဒေသခံ သောင်းချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။
မေလ ၁၇ ရက် ဒီမနက် ၄ နာရီလောက်ကစပြီး ခမရ ၃၆၁၊ ခမရ ၃၆၈နဲ့ နယ်မြေခံပျူစောထီး အင်အား ၃၅၀ ကျော်ပါတဲ့ စစ်ကြောင်း ၄ ကြောင်းက မင်းကုန်း၊ ညောင်ဇင်ကြီး၊ ရွာမ၊ အင်းလယ်ကြီး၊ ရဲဒွေးရွာတွေဘက်ကို ဝင်ရောက်လာနေတယ်လို့ Kanbalu Underground Warriors အဖွဲ့မှ ရဲဘော်အုပ်ကြီးက ပြောပါတယ်။
"စကစ စစ်ကြောင်းတွေက ရှေ့တရက်လောက်ကတည်းက အခြားရွာတွေဘက်မှာ ရောက်နေတာ။ ဒီမနက်အစောပိုင်းမှ ရွာ ၄ ရွာဘက်ကို ဦးတည်လာနေတာ။ စကစ စစ်ကြောင်းတကြောင်းက ရွာတွေကိုလည်း မီးရှို့နေတာရှိတယ်။ ကျန် ၃ ကြောင်းကတော့ မနက် ၁၀ နာရီလောက်ထိ ရွာတွေထဲကို မရောက်သေးဘူး။ စကစ စစ်ကြောင်းလာတော့ ဒေသခံတွေကတော့ အစောကြီးထပြေးနေရတယ်" လို့ ပြောပါတယ်။