ကန့်ဘလူမှာ ပျူစောထီးဆိုသူ ၂ ဦး မိုင်းထိလို့ ဒဏ်ရာရ

ကန့်ဘလူမှာ ပျူစောထီးဆိုသူ ၂ ဦး မိုင်းထိလို့ ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာမှာ မိုင်းပေါက်ကွဲပြီး ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၂၈ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ညောင်ပင်ဆိပ်ကျေးရွာ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဝင်းစိုး ၄၃ နှစ်နဲ့ ဦးညိုဝင်း ၅၅ နှစ်တို့ဟာ ကျေးရွာအပြင်ဘက်လယ်ကွင်းထဲသွားချိန် မိုင်းထိခဲ့တာ လို့ဆိုပါတယ်။

"ထိတဲ့ ၂ ယောက်က ပျူစောထီး။ အဲ့ဒီရွာကလည်း စစ်တပ်ကို ထောက်ခံအားပေးသူများတဲ့ရွာလို့ သိထားရတယ်။ စစ်တပ်က အဝင်အထွက်လည်းရှိတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းထိလို့ ဦးဝင်းစိုးမှာ  ဦးခေါင်း၊ လက်၊ ပေါင်နဲ့ ကျားအင်္ဂါ မိုင်းစထိမှန်ဒဏ်ရာတွေနဲ့  ဦးညိုဝင်းမှာ ခါးယာဘက် မိုင်းစထိမှန်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

မိုင်းစမှန်ဒဏ်ရာရသွားတဲ့ ပျူစောထီး ၂ ဦးကိုတော့ ကျေးရွာက ကားတစီးနဲ့ရွှေဘိုဆေးရုံကို တင်ပို့ထားရ ပြီး ပေါက်ကွဲခဲ့တိုင်း မိုင်းဟာဘယ်အဖွဲ့ကထောင်တယ်ဆိုတာ မသိရသေးပါဘူး။

ဇွန်လ ၂၀ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာမှာ တိုက်မိုင်းထိလို့ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးဒဏ်ရာရမှု ဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #မိုင်းပေါက်ကွဲ #ပျူစောထီး #ဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10