ကန့်ဘလူမှာ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ဒဏ်ရာရသူ များပြားဟုဆို

ကန့်ဘလူမှာ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ဒဏ်ရာရသူ များပြားဟုဆို

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ နတ်အင်းကျေးရွာမှာ ပျူစောထီးတွေကို ဒေသခံမဟာမိတ်အဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

နတ်အင်းကျေးရွာက ပျူစောထီး စုစုပေါင်း ၁၈၀ ဝန်းကျင်ကို ဇန်နဝါရီလ ၂၀ ရက်ညပိုင်းမှာ ဒေသခံမဟာမိတ်တပ်ဖွဲ့တွေပေါင်းပြီး ၈၀ မမ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ Kanbalu Underground Warriors ဗိုလ်ရသက ပြောပါတယ်။

"လက်နက်ကြီးနဲ့ ၅ လုံး ပစ်ခတ်ပြီး ပြန်ဆုတ်လာခဲ့တာ၊ ည ၉ နာရီခွဲမှာ ပစ်ခတ်ခဲ့တာ၊ ၈၀ မမ  ၁၂၀ မမ တွေနဲ့ပစ်ခတ်ခဲ့တာ၊ ထိခိုက်ဒဏ်ရာ ရသူတွေတော့ရှိတယ်လို့ သိရတယ်။ နာရီဝက်လောက် အပြန်အလှန်ပစ်ခတ်ခဲ့တယ်။ အဲဒီနတ်အင်းကျေးရွာမှာက ပျူတွေပါ။ ပျူအင်အား ၁၀၀ လောက်ရှိတယ်" လို့ ဗိုလ်ရသက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Kanbalu Underground Warriors ၊ မြေပြင်လှုပ်ရှားညီနောင်များ ၊ ကန့်ဘလူမြို့နယ် L - PDF မဟာမိတ်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်ကလည်း ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ် ဇာဒီ‌ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူတွေကို Kanbalu Underground Warriors အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့  သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10