ကန့်ဘလူမှာ မိုင်းရှင်းလာတဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

ကန့်ဘလူမှာ မိုင်းရှင်းလာတဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ကိုင်းရွာကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်သားနဲ့ပျူတွေ မတ်လ ၂၁ ရက်မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အင်အား ၅ ဦးနဲ့ မိုင်းရှင်းလာတဲ့ အဆိုပါစစ်အုပ်စုကို ဂျိုးမြေဇင်း (မင်းကောင်မြောင်း) တံတားဖြူအနားမှာ မနက် ၈ နာရီလောက်က ပဒေသာမိုင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ မှ ရဲဘော်ဗလကြီးက ပြောပါတယ်။

“စစ်*နဲ့ ပျူ* ၅ ဦးလောက်‌ ခြေလျင်မိုင်းရှင်းထွက်လာတာကို ဂျိုးမြေဇင်း (မင်းကောင်မြောင်း) တံတားဖြူနားမှာ ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်လိုက်တာ၊ နေရာတင် စစ်* ၁ ကောင်၊ ပျူ ၂ ကောင်သေတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေကို မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေရဲ့မြင်တွေ့ချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီစစ်သားနဲ့ပျူတွေဟာ ညောင်ကိုင်းရွာမှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက တပ်စွဲနေတာဖြစ်ပြီး၊ တိုက်ခိုက်ခံရပြီး အနီးရှိမြို့လှရွာကိုဝိုင်းပြီး သေနတ်တွေ ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်းအဖွဲ့၊ ဗိုလ်ဂျပန်ကြီး (TTT) - SHWEBO (LPDF) အဖွဲ့၊ တောင်သူကြီးများအဖွဲ့ - LDF< ဖား‌ရွှေ‌ကျော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DOG KILLER - SHWEBO PEOPLE DEFENCE FORCE နဲ့ ရွှေဘိုမြို့နယ် တိုက်နယ် -၂ မဟာမိတ်အင်အားစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကလည်း ရွှေဘိုမြို့ဘက်ကနေ ဆိုင်ကယ်စီးလာတဲ့ စစ်သားနဲ့ပျူတွေကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေပြီး၊ စစ်သား ၁ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10