ကန့်ဘလူမှာ လူမရှိတဲ့အိမ်တွေကိုဖျက်ပြီး စစ်တပ်က အထိုင်ချတပ်စွဲဖို့လုပ်နေ

ကန့်ဘလူမှာ လူမရှိတဲ့အိမ်တွေကိုဖျက်ပြီး စစ်တပ်က အထိုင်ချတပ်စွဲဖို့လုပ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ခါးတောက်ရင်းရွာမှာ စစ်ရှောင်နေရလို့ ရွာသားတွေ နေထိုင်ခြင်းမရှိတော့တဲ့ အိမ်တွေကိုဖျက်ပြီး စစ်ကောင်စီတပ်တွေက အထိုင်စခန်းချဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့မတ်လ ၁၃ ရက်က ယင်းသာရွာနဲ့ ခါးတောက်ရင်းရွာမှာ ပျူစောထီးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် အခုလိုရွာမှာ အထိုင်ချဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရွာက လူမနေတဲ့အိမ်တွေကိုဖျက်ပြီး အဲ့ရွာမှာ စခန်းချမလို့တဲ့။ သူတို့စခန်းဆောက်ဖို့ ရွာထဲက တအိမ် ၅ သောင်းကောက်တယ်။ မပေးတဲ့အိမ်ဆို ခေါ်ရိုက်တာ။ တပတ်အတွင်းမပေးရင် မိသားစုလိုက်သတ်မယ် ပြောတယ်။ အိမ်ဖျက်တာတောင် သူတို့မဖျက်ဘူး။ ရွာသားတွေကို ခိုင်းတာ။ လစဥ်ငွေကောက်တာ ခံရတော့မယ်ထင်တယ်" လို့ ရွာနီးစပ်ဒေသခံတဦးက ပြောပါတယ်။

အခုလက်ရှိအချိန်ထိ စစ်သားနဲ့ပျူစောထီးအဖွဲ့တွေဟာ မှော်တော်ရွာနဲ့ ကိုင်းရိုးရွာဘက်မှာ နေထိုင်နေပြီး ခါးထောက်ရင်းရွာကို ထပ်မံတပ်စွဲဖို့ လုပ်နေကြတာဖြစ်သလို မှော်တော်ရွာအနီးက ကျေးရွာတွေကိုလည်း ချိန်းခြောက်ပြီး မီးကြေးကောက်ခံတာတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ကန့်ဘလူနဲ့ ကျွန်းလှနယ်တွေမှာရှိတဲ့ ကျေးရွာတွေကို ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့ ဘုန်းကြီးဝါသဝက ဦးဆောင်ကာ ပျူစောထီးသင်တန်းတက်ခိုင်းတာတွေ၊ ရွာတွေမှာ အထိုင်ချတပ်စွဲတာတွေလည်း လုပ်လေ့ရှိပြီး ကန့်ဘလူနယ်ထဲက ကျေးရွာ ၄၀ ကျော်မှာလည်း ပျူစခန်းတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ပုံစာ - ယင်းသာရွာနဲ့ ခါးတောက်ရင်းရွာမှာ မတ်လ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ပျူသင်တန်းဆင်းပွဲ။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10