ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူ ၄ ကြိမ်အထိပေးနေရ

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူ ၄ ကြိမ်အထိပေးနေရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းမဘေးရှိ ကန်ဒေါင့်ကျေးရွာနယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက် ဒီကနေ့ မနက်အစော ၃ နာရီခွဲဝန်းကျင်လောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေလို့ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ဒီမနက် ၆ နာရီ ၃၅မိနစ် မှာ တကြိမ်၊ ၇ နာရီ ၁၀ မိနစ်မှာ တကြိမ်၊ ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ တကြိမ် ကန်ဒေါင့်ရဲစခန်းနဲ့ အနီးတဝိုက်ကိုလှည့်ပတ်ပစ်ခတ်ခဲ့ပြီး ၁၂ နာရီခွဲဝန်းကျင်မှာ တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးချ တိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။ 

“ ၁၂ ကျော်လောက်မှာ နောက်ဆုံးတခေါက် ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးလာချသွားတယ်။ အဲ့ဒီဟာက ထိခိုက်ပျက်စီး အတည်မပြုနိုင်သေးဘူးဗျ။ နမခကလာတဲ့  Mi-35 ၃ ကြိမ်လာပစ်တာမှာ ဒေသခံတွေ ရော ရဲဘော်တွေရောထိခိုက်မရှိဘူး။ ၃ ခေါက်မြောက်လာပစ်တာက ၁ နာရီနီးပါးကြာတယ်” လို့ မြေ ပြင်ရဲဘော်တဦးက ပြောပါတယ်။

ကန်ဒေါင့်ရဲစခန်းမှာ လက်ရှိအထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအခြေအနေအသေးစိတ်ကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကန်ဒေါင့်ရဲစခန်းကို PDF တွေတိုက်ခိုက်နေပြီး ဒရုန်းကိုအဓိကထားတိုက်ခိုက်နေလို့ စစ်တပ်တပ်ဖွဲ့ဝင်တွေဘက်က အရေးနိမ့်နေသလို လေကြောင်းပစ်ကူပေးနေရတယ်လို့ ဒီမနက်ပိုင်းမှာ ဖော်ပြထားပါတယ်။

ပုံစာ - ဇူလိုင် ၂၆ ရက် ခမ်းပါတ်မြို့တိုက်ပွဲအတွင်း လေကြောင်းပစ်ကူပေးနေသည့် စစ်ကောင်စီလေတပ်သုံး Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်။

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #ကန်ဒေါင့်ရဲစခန်း #စခန်းသိမ်းတိုက်ပွဲ #လေကြောင်းပစ်ကူ #၄ ကြိမ်ပစ်ခတ် #တိုက်ပွဲပြင်းထန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10