ကန်နီရွာကစစ်အုပ်စု ၆ ရက်ဆက် တိုက်ခိုက်ခံရပြီး ၇ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာမှာတပ်စွဲနေတဲ့ စစ်အုပ်စုကို ဩဂုတ် ၂ ရက်ကနေ ၈ ရက်အထိ ဒရုန်းအသုံးပြု ဗုံးသီးကြဲချခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖဆီက သိရပါတယ်။

ကန်နီရွာမှာ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ကျော်လောက် တပ်စွဲထားတဲ့နေရာကို ဩဂုတ် ၂ ရက် မနက် ၈ နာရီခွဲလောက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီး ၂၈ လုံးကြဲချကာ ၄၀ မမ၊ ၆၀ မမ၊ ၁၂၀ မမ စတဲ့ လက်နက်တွေနဲ့လည်း အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကန်နီရွာကို ၂ ရက်နေ့ မနက် ၈ နာရီခွဲကနေ နေ့ရောညရောပစ်တာ၊ ၇ ရက်နေ့အထိ ဒရုန်းနဲ့ဗုံးသီး ၂၈ လုံးကြဲချပြီး  ၄၀ မမ၊ ၆၀ မမ၊ ၁၂၀ မမ တွေနဲ့ အချက်ပေါင်း ၇၀၀ ကျော်နဲ့ ပစ်ခဲ့တာ၊ ထိခိုက်ဒဏ်ရာရတာက ၇ ဦးလောက်ရှိတယ်၊ ပျူစောထီးတွေ ထိတာများတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  မြိုင်မြို့နယ် ပကဖ ဗိုလ်လက်ယာက ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၇ ဦး ဒဏ်ရာရပြီး သေဆုံးမှုကိုတော့ သတင်းရယူဖို့ အခက်အခဲရှိတာကြောင့် သေဆုံးဦးရေ အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

"ကျနော်တို့က RPG နဲ့ပစ်တယ်၊ ၄၀ မမ အစစ်တွေနဲ့ ပစ်ခဲ့တယ်၊ RPG ၁ လုံးပစ်ပြီး ၄၀ မမ က ၁၀ လုံးလောက် ပစ်ခတ်နိုင်ခဲ့တယ်၊ ပစ်ခတ်တိုက်ခဲ့တာမှာ သေဆုံးမှုအတိအကျတော့ မသိရသေးဘူး၊ လက်ရှိလည်း အဲ့ဒီရွာမှာ စစ်ကောင်စီကတပ်စွဲထားတယ်" လို့ Pakokku-Special Task Force တာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ် ပကဖ၊ M.P.L တိုက်နယ် ၄ ပကဖ၊ ဒေါင်းနီ PDF လက်နက်ကြီးတပ်ဖွဲ့၊ သပြေတော ပကဖ၊ ဆင်းရိုင်းရာဇာတပ်ဖွဲ့၊ နဂါးနီတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅၊ Pakokku Special Task Force၊ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ MRG၊ မြိုင် ပကဖ တပ်ရင်း ၁ ခွဲ ၅ စိတ် ၂/၃၊ Black Cobra Pku အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#မြိုင် #ကနီ #စစ်အုပ်စု #တိုက်ခိုက်ခံရ #စစ်သား #ရဲ #ပျူစောထီး #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10