ကန်နီရွာကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက် ပျူစောထီးနဲ့ စစ်သား ၁၀ ဦးခန့် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာမှာ စစ်သားနဲ့ ပျူစောထီး အင်အား၁၀၀ ဝန်းကျင်နေတဲ့နေရာကို ကာကွယ်ရေးအဖွဲ့တွေက တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်တဲ့အပြင် ဒရုန်းနဲ့မီးလောင်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ MPL တိုက်နယ် ၄ ပကဖ အဖွဲ့ဆီက သိရပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၁၀ နာရီဝန်းကျင်‌ကနေ ည ၆ နာရီအထိ ကန်နီပျူရွာကို ၆၀ မမ၊ ၈၀ မမ၊ ၁၀၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အပြင် ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁ ဦးနဲ့ ပျူစောထီး ၉ ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုမှာ တာဝေးပစ်လက်နက်ကြီး အလုံး ၇၀၊ ရှော့ဒုံး ခေါ် ရော့ကတ်အလုံး ၁၀၀ ဝန်းကျင်၊ ဒရုန်း‌ဗုံး ၁၀၀ ဝန်းကျင်လောက်ချခဲ့တာလို့ သိရပါတယ်။

လက်ရှိအခြေအနေအရ ခလရ  ၂၅၈ ကလာတဲ့ စစ်ကြောင်းက မြိုင်မြို့ထဲကိုဝင်သွားတယ်လို့ ဗိုလ်အဂ္ဂက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို MPL တိုက်နယ် ၄ ပကဖ၊ သိန်းငှက်နီ၊ အညာဒေါင်း၊ Gen_21၊ PCM Force၊ ကိုနေမင်းနဲ့အဖွဲ့ ၊ မောင်ကင်းနဲ့အဖွဲ့၊ ဒေါင်းနီ၊ အမေ့သား၊ ဦးမိုးသီးနဲ့အဖွဲ့၊ ကိုထိရှနဲ့အဖွဲ့၊ ဦးပြောင်နဲ့အဖွဲ့၊ အညာမုန်တိုင်း၊ MRTF၊ ရွှေဟင်္သာ၊ The Youth Fighter၊ Scarlett၊ ကိုဇင်ကိုနဲ့အဖွဲ့ ၊ TKGF၊ Myaing Fighter Drone တပ်ဖွဲ့၊ မြိုင်ပကဖ ရင်း ၂ ခွဲ ၃ ၊ မြိုင်ပကဖ ရင်း ၃ လှုပ်ရှားတပ်ဖွဲ့ ၊ SSTF နဲ့ အခြားမဟာမိတ်များက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #ကန်နီ #ပျူစောထီး #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10