ကန်ပက်လက်မှ တပ်ချိန်းပြန်လာတဲ့ စစ်ကောင်စီတပ် လမ်းမှာ ခြုံခိုတိုက်ခံရလို့ ၄ ဦးသေ

ကန်ပက်လက်မှ တပ်ချိန်းပြန်လာတဲ့ စစ်ကောင်စီတပ် လမ်းမှာ ခြုံခိုတိုက်ခံရလို့ ၄ ဦးသေ

ချင်းပြည်နယ်၊ ကန်ပက်လက်က‌နေ တပ်ချိန်းပြီးပြန်လာတဲ့ စစ်ကြောင်းကို မကွေးတိုင်း၊  ဆောမြို့နယ်၊ မြင်းကာတောင်ခြေအနီး တပ်ဖြန့်လာတဲ့အချိန် ဇူလိုင်လ ၂၆ ရက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ The Youth Force Saw&Kyaukhtu အဖွဲ့ဆီက သိရပါတယ်။

အင်အား ၁၃၀ ဝန်းကျင်နဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကနေ တပ်ချိန်းပြီးပြန်လာတဲ့ စစ်ကြောင်းကို ဆောမြို့နယ်၊ မြင်းကာတောင်ခြေအနီး တပ်ဖြန့်လာတဲ့အချိန်တိုက်ခိုက်ခဲ့ရာ နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

“ကိုယ့်ဘက်ပစ်ခတ်လိုက်လို့ သူတို့ဘက်က သေတာကို မြင်ခဲ့ရလို့ အတည်ပြုနိုင်တာဖြစ်ပါတယ်။ သေတာကတော့ ၄ ဦးတော့ အတည်ပြုလို့ရတယ်” လို့ The Youth Force Saw&Kyaukhtu တာဝန်ခံက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းက စစ်သားတွေဟာ တပ်မ ၅၅၊ တပ်မ ၇၇ နဲ့ တပ်မ ၁၀၁ ကဖြစ်ပြီး ပူးပေါင်းအင်အား ၁၃၀ လောက်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပြီး အဲဒီစစ်ကြောင်းဟာ တောထဲကနေ ကျောက်ထုမြို့ဘက်ကို ထွက်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို The Youth Force Saw&Kyaukhtu၊ ဂန့်ဂေါခရိုင် အမှတ်( ၃ ၊ ၅ ၊ ၈ ၊၁၃) တပ်ရင်း၊ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ ဆောPDF(YRPA)၊ YDF Saw တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကနေ ၁၇ ရက်အထိ ဆော-ကျောက်ထုလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းကို The Youth Force Saw & Kyaukhtu အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေပြီး ထိခိုက်ဒဏ်ရာရရှိသူတွေများတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ချင်းပြည်နယ် #ကန်ပတ်လက် #ကျောက်ထု #ဆော #ယော #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10