ကပစ ၂၁ က စစ်ကား‌တွေအသုံးပြုတဲ့ တံတားတစီး မိုင်းခွဲဖြတ်တောက်ခံရ

ကပစ ၂၁ က စစ်ကား‌တွေအသုံးပြုတဲ့ တံတားတစီး မိုင်းခွဲဖြတ်တောက်ခံရ

စစ်ကောင်စီရဲ့ ကပစ ၂၁ စစ်ကားတွေ အသုံးပြုနေတဲ့ မကွေးတိုင်း၊ မင်းဘူးခရိုင် စလင်းမြို့နယ် ပုသိမ်-မုံရွာကားလမ်း ကံပြား-ကန်ဇွန်းမအကြားက တံတားတစီးကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဖြတ်တောက်ရေးအနေနဲ့ မိုင်းခွဲခဲ့တယ်လို့ ဒေါင်းစစ်အောင် (LPDF) အဖွဲ့ဆီက သိရပါတယ်။

ဧပြီ ၁၄ ရက် ညပိုင်း ၁၀ နာရီလောက်မှာ အဲဒီတံတားကို မိုင်းအဆင့်ဆင့်ခွဲပြီးနောက် ယန္တရားတွေနဲ့ပါ တံတားကို ဖျက်ဆီးဖြတ်တောက်ခဲ့တာဖြစ်တယ်လို့ ဒေါင်းစစ်အောင်(LPDF) တာဝန်ခံက ဆိုပါတယ်။

 

တံတားကိုဖြတ်တောက်ပြီးတဲ့နောက် လမ်းပိုင်းစစ်ဆေးရေးတွေပြုလုပ်ကာ လမ်းပေါ်မှာသွားလာနေတဲ့ မော်တော်ယာဉ်တွေကိုလည်း လမ်းအသုံးပြုမှုကို ပိတ်ထားတဲ့အကြောင်းကို အသိပေးပြောကြာတာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

 

အထက်ပါ မိုင်းခွဲမှုကို ဒေါင်းစစ်အောင်(LPDF)နဲ့ SLN (LPDF) ညီနောင်မဟာမိတ်၂ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံဟာ ဆိတ်ဖြူမြို့နဲ့ မိုင် ၃၀ အကွာအဝေးမှာရှိတဲ့ ပေါက်ခုံကျေးရွာနဲ့ ငှက်ပြာကြိးကျေးရွာအနီးမှာရှိပြီး လေယာဉ်ဗုံးသီးတွေကို အဓိက ထုတ်လုပ်တဲ့စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

 

 စာတည်း-လင်းဇေ

 

 

#မြေလတ်အသံ

 

 

#စစ်ကောင်စီ #ကပစ  #စစ်ကား #မကွေးတိုင်း #မင်းဘူးခရိုင် #စလင်း #ကံပြား #ကန်ဇွန်းမ #ဒေါင်းစစ်အောင် #LPDF #မိုင်းခွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10