ကပစတပ်က တပ်ကြပ်ကြီးတဦး ရှေ့တန်းပို့ခံရပြီး စစ်မတိုက်ဘဲပြန်လာလို့ စစ်ကြောရေးမှာ သတ်ခံရ

ကပစတပ်က တပ်ကြပ်ကြီးတဦး ရှေ့တန်းပို့ခံရပြီး စစ်မတိုက်ဘဲပြန်လာလို့ စစ်ကြောရေးမှာ သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အောင်လံမြို့နယ်၊ ကျော်စွာအခြေစိုက် ကပစ ၇ က တပ်ကြပ်ကြီးတဦး စစ်ကြောရေးမှာ စစ်ဆေးရိုက်နှက်ခံရပြီး သေဆုံးသွားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ပဲခူးတိုင်းထဲရှိ ပဲခူးရိုးမရှေ့တန်းတနေရာကို ပို့ခံရတဲ့ အမှတ် ၇ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ကပစ ၇ မှ တပ်ကြပ်ကြီးငြိမ်းချမ်းကို ရှေ့တန်းမှာစစ်မတိုက်ဘဲ နောက်တန်းပြန်လာလို့ဆိုပြီး ကပစတပ်ရဲ့ စစ်အချုပ်စစ်ကြောခန်းထဲမှာ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ဖြစ်စဉ်က ဟုတ်ပါတယ်။ သူ့ကိုဖမ်းပြီးနှိပ်စက်တာ လက်လွန်သွားပြီး ဆေးရုံအပို့ လမ်းမှာသေသွားတာ။ မိသားစုကိုတော့ ဖြစ်စဉ်အမှန်ကို မပြောထားဘူး" လို့ ကပစ ၇ နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်က ရှေ့တန်းကနေပြန်လာတဲ့ တပ်ကြပ်ကြီးငြိမ်းချမ်းကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးစစ်ကြောခဲ့တာဖြစ်ပြီး ရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကြောင့် ရန်ကုန်မင်္ဂလာဒုံ စစ်ဆေးရုံကိုသွားဖို့ ပြင်ဆင်ချိန် အောက်တိုဘာ ၁၉ ရက်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်က ရှေ့တန်းစစ်မြေပြင်မှာ ထိခိုက်သေဆုံးများနေပြီး တပ်အင်အားပြုန်းတီးနေတဲ့အတွက် တိုက်ခိုက်ရေးတပ်မဟုတ်တဲ့ ကပစတပ်၊ လက်ရုံးအထိုင်တပ်တွေကိုပါ ရှေ့တန်းမှာ အင်အားဖြည့်တင်းနေရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အောင်လံ #ကျော်စွာ #ကပစ၇ #တပ်ကြပ်ကြီး #စစ်ကြောခံရ #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10