ကပစ ၂၅ ရဲ့ကင်းစခန်းတခု ၃ ကြိမ်တိုက်ခိုက်ခံရ

ကပစ ၂၅ ရဲ့ကင်းစခန်းတခု ၃ ကြိမ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်အခြေစိုက် ကပစ ၂၅ က စစ်သားတွေရှိနေတဲ့ ကင်းစခန်းတခုကို ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ၃a ကြိမ် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် (၆) တပ်ရင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သား ၂၅ ဦးလောက်နဲ့တပ်စွဲထားတဲ့ ကပစရဲ့ ညောင်ချောင်းကင်းစခန်းကို ဇွန်လ ၁၆ ရက် မနက်ပိုင်းမှာ တကြိမ်၊ နေ့လယ်ပိုင်းမှာ ၁ ကြိမ်နဲ့ ၁၇ ရက် မနက်ပိုင်းမှာတကြိမ် စုစုပေါင်း ၃ ကြိမ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

"ဗုံးသီးတွေက စခန်းမှာ အရာရှိတွေနေတဲ့ အဆောင်တည့်တည့်ကို ကျသွားတာ။ အဲ့စခန်းက လုံခြုံရေးတင်းကြပ်လို့ သေဆုံး၊ဒဏ်ရာရရှိတာတွေကို မသိနိုင်သေးဘူး။ စုံစမ်းနေဆဲပါ"လို့ ဂန့်ဂေါခရိုင် အမှတ် (၆) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စုစုပေါင်း ဒရုန်းနဲ့ ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့ရာ ၁ လုံးက Error ဖြစ်သွားပြီး ကျန် ၃ လုံးမှာတော့ စခန်းထဲကို ထိထိမိမိ ကျသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
 
အဲဒီစခန်းဟာ ကပစ ၂၅နဲ့ ၈ မိုင်ခန့်ဝေးကာ ကပစ အတွက်အရေးပါတဲ့ ရှေ့ပြေးကင်းစခန်းတခုလည်း ဖြစ်ပြီး၊ ဒီတိုက်ခိုက်မှုတွေကြောင့် စစ်သားသေဆုံး၊ ဒဏ်ရာရှိသူတွေ များနိုင်တယ်လို့ပြောပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဒါ့အပြင် အဲ့ဒီညောင်ချောင်းကင်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာလည်း ဂန့်ဂေါခရိုင် တပ်ရင်း(၆) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါသေးတယ်။
 
ပုံစာ - ကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့သည့် ညောင်ချာင်းကင်းစခန်း။
 
စာတည်း - လင်း
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10