ကပ်ရောဂါမတိုင်ခင် စီးပွားရေးအခြေအနေကို ပြန်မရောက်တဲ့ တခုတည်းသောနိုင်ငံအဖြစ် မြန်မာဆက်ရှိနေ

ကပ်ရောဂါမတိုင်ခင် စီးပွားရေးအခြေအနေကို ပြန်မရောက်တဲ့ တခုတည်းသောနိုင်ငံအဖြစ် မြန်မာဆက်ရှိနေ

အရှေ့အာရှဒေသမှာ ကမ္ဘာ့ကပ်ရောဂါ Covid 19 မတိုင်ခင် စီးပွားရေးအခြေအနေကိုပြန်မရောက်တဲ့ တခုတည်းသောနိုင်ငံအဖြစ် မြန်မာနိုင်ငံဟာ ဆက်လက်တည်ရှိနေဆဲပဲလို့ ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့ဒီဇင်ဘာ ၁၂ ရက်နေ့မှာထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်ဝက်စာ သတင်းထုတ်ပြန်ချက်မှာ အခုလိုထည့်သွင်းထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံဟာ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ် စီးပွားရေးအခြေအနေထက် ၁၀ ရာခိုင်နှုန်းဆက်လက်နိမ့်ကျနေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်စစ်တမ်းအရလည်း အလားတူ ၁၀ ရာခိုင်နှုန်း နိမ့်ကျနေခဲ့ကာ လက်ရှိမှာတော့ ပဋိပက္ခတွေပိုမိုဆိုးရွားလာနေတာကြောင့် ၂၀၂၄ ခုနှစ်မှာလည်း စီးပွားရေးနလန်မထူနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ပဋိပက္ခ မြင့်မားတဲ့ ကုန်စည်သယ်ယူပို့ဆောင်စားရိတ်၊ ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာစည်းမျဉ်းတွေ၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်တာတွေက စီးပွားရေးလုပ်ငန်း ကုန်ကျစားရိတ်အပေါ် ထပ်မံဖိစီးနေတဲ့အတွက် နိုင်ငံတကာဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို လျော့နည်းစေတယ်လို့ သုံးသပ်ထားပါတယ်။

"ပဋိအက္ခကြားက စိန်ခေါ်မှုများ" ဆိုတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ယခုနှစ် ဇွန်လအထိ ၁၂ လတာ ကာလအတွင်း စားသုံးကုန်ပစ္စည်းတန်ဖိုးဟာ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အပြင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ပဋိပက္ခတွေ ကျယ်ပြန့်လာလာတွေကြောင့် ကုန်ဈေးနှုန်းဆက်လက်မြင့်တက်လာနေဆဲပဲလို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ လောင်စာဆီရှားပါးပြတ်လပ်မှုနဲ့ ဈေးနှုန်းမြင့်မားနေမှုကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ နေ့စဉ်လုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာ ခက်ခဲနေကြပြီး လယ်ယာစိုက်ပျိုးရေးမှာလည်း စစ်ပွဲများအပြင် လောင်စာဆီမရလို့ စိုက်ပျိုးရိတ်သိမ်းမှုတွေ အခက်တွေ့ကာ ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။

ပုံစာ - ကိုဗစ်ကာလမတိုင်ခင် စွန့်ပစ်ပစ္စည်းလိုက်လံကောက်ယူနေသည့် နွမ်းပါးမိသားစုတစုအား တွေ့ရစဉ် (ပုံဟောင်း)။

#မြေလတ်အသံ

#စီးပွားရေး #Covid19 #လူမှုစီးပွား #လောင်စာဆီ #ကမ္ဘာ့ဘဏ် #အစီရင်ခံစာ #ကုန်ဈေးနှုန်း #ဆင်းရဲမွဲတေမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10