သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပြင်မှာ ကဗျာဆရာ ဦးစိန်ဝင်းအား မီးရှို့သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၄ ရက်မနက်ပိုင်းမှာ ကဗျာဆရာဦးစိန်ဝင်းကိုသတ်ခဲ့တဲ့ ကိုအောင်ကိုလတ်ဆိုသူကို သတင်းအရ မုံရွာမြို့လမ်းပိုင်းတနေရာမှာ စောင့်ဆိုင်းဖမ်းဆီးခဲ့ပြီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ကဗျာဆရာအပြင် ဝါရင့်နိုင်ငံရေးသမားလည်းဖြစ် ပရဟိတသမားလည်းဖြစ်သူ ဦးစိန်ဝင်းနဲ့ ကိုအောင်ကိုလတ်တို့ဟာ ရင်းနှီးမှုရှိသူတွေလို့သိရပြီး ဦးစိန်ဝင်းသေဆုံးပြီးကတည်းက ထွက်ပြေးတိမ်းရှောင်နေခဲ့တာဖြစ်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ လုံခြုံရေးအဖွဲ့တာဝန်ခံ အာဂုက ပြောပါတယ်။
“သူက သတ်ပြီးကတည်းကထွက်ပြေးတိမ်းရှောင်နေတာလေ၊ သူ့အကြောင်းကို သိလို့၊ သိကြပါတယ်၊ သူ့အကြောင်းကို ဒီဘက်ကလူတော်တော်များများက သူသတ်တယ်ဆိုတာ ဝန်ခံထားတာ၊ သူက ဓါတ်ဆီလောင်းမီးရှို့သတ်တယ်လို့ ဖြေထားတာ၊ အကျယ်ကတော့မနက်ဖြန်ကျမှပဲ ကျနော်တို့ စစ်ရမယ်။” လို့ သူက ပြောပါတယ်။
ကဗျာဆရာဦးစိန်ဝင်းကိုသတ်ခဲ့တဲ့အပြင် စစ်ကောင်စီသတင်းပေးလုပ်နေတယ်လို့လည်း ဒေသခံတွေက တိုင်ကြားထားပေမယ့် အသေးစိတ်မစစ်ဆေးရသေးတာကြောင့် သတင်းပေးလုပ်၊ မလုပ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
၂၀၂၁ မေ ၁၄ ရက်က မုံရွာမြို့စက်မှုဇုန်ထဲက ခေါက်ဆွဲစက်တခုမှာ ကဗျာဆရာဦးစိန်ဝင်းဟာ ကနီစစ်ဘေးရှောင်တွေအတွက် အလှူငွေကောက်ခံနေချိန် အမျိုးသား ၁ ဦးကအနောက်ကနေ ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခဲ့တဲ့အတွက် မီးလောင်ဒဏ်ကြောင့် နေ့တွင်းချင်းသေဆုံးခဲ့တာ ဖြစ်ပါတယ်။
သတ်ခဲ့တဲ့အမျိုးသားဟာ ဦးစိန်ဝင်းနဲ့ရင်းနှီးတဲ့အလုပ်သမား ၁ ဦးဖြစ်တယ်လို့ မိသားစုဝင်တွေဘက်က ပြောဆိုကြောင်း ၂၀၂၁ မေ ၁၅ ရက်မှာ ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ကိုအောင်ကိုလတ်ကို စစ်ဆေးမေးမြန်းပြီးပါက ဥပဒေအရတရားစွဲဆိုနိုင်ရေးအတွက် မုံရွာမြို့နယ် တရားရေးအဖွဲ့ဆီ အပ်နှံပေးသွားမှာဖြစ်ပြီး စစ်ဆေးရရှိချက်တွေကိုလည်း ထုတ်ပြန်ပေးသွားမယ်လို့ မုံရွာမြို့နယ်ပြည်သူ့ လုံခြုံရေးအဖွဲ့တာဝန်ခံ အာဂုက ပြောပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #ကဗျာဆရာဦးစိန်ဝင်း #သတ်သူ #ဖမ်းဆီး
Share Share Share