ကမ္မမှာ စစ်ကောင်စီကား မိုင်းဆွဲခံရ

ကမ္မမှာ စစ်ကောင်စီကား မိုင်းဆွဲခံရ

မကွေးတိုင်း၊ ကမ္မမြို့အနီးမှာ စစ်ကောင်စီကားတစီး တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ BLY ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

သြဂုတ် ၂၁ ရက်နေ့လယ်ပိုင်းမှာ ပဒေသာမိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်သား ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့က ကပ်ပြီးမိုင်းဆွဲတာ၊ ထိခိုက်မှုလည်းများအောင် သေဆုံးမှုလည်းများအောင်ဆိုပြီးတော့ ကားတစီးတည်းကို ကပ်ဆွဲတာဗျ၊ သူတို့ဘက်က ၆ ကောင်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်” လို့ BLY ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ နှံပြည်စုတ် ပြောပါတယ်။ 

မိုင်းဆွဲခံရတဲ့ကားတွေဟာ မင်းတပ်မြို့ ဘက်ကနေ ပေါက်မြို့ဘက်ကိုလာပြီး ပေါက်ကနေ ပခုက္ကူတပ်မ ၁၀၁ ကို သွားမှာလို့လည်း သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို BLY ပြောက်ကျားတပ်ဖွဲ့ ၊ ဧရာအနောက်ပြောက်ကျားတပ်ဖွဲ့(WAGF)၊ PDF Kamma၊ မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့၊ BLY ပြောက်ကျားတပ်ဖွဲ့နဲ့  အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ ရက်ကလည်း ပေါက်မြို့နယ်၊ ကုက္ကိုစုရွာမှာတပ်စွဲထားတဲ့ စစ်အုပ်စုကို BLY ပြောက်ကျားတပ်ဖွဲ့က ဒရုန်းနဲ့ဗုံးကြဲချခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ 

#မကွေး #ကမ္မ #စစ်ကောင်စီ #မိုင်းဆွဲ #ဒဏ်ရာရ #‌သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10