သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သောက်ရေခပ်ဆည် အောက်ဒိုးသောင်းတံတားမှာ ကွမ်းသီးသယ်ပြီးပြန်လာတဲ့ ညီအကို ၂ ဦးကို စစ်အုပ်စုက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၉ ရက် ည ၉ နာရီခန့်မှာ မာလာကုန်းရွာနေ ကရင်လူမျိုး အသက် ၂၀ အရွယ် ယွာဂေမှူးနဲ့ ညီဖြစ်သူ လုံးလုံးတို့ ၂ ဦးဟာ ကွမ်းသီးအိတ်ကို ဆိုင်ကယ်နဲ့တင်လာပြီး ဒိုးသောင်းတံတားကိုဖြတ်ချိန် စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"ကောင်လေးတွေက ခြံကနေ ကွမ်းသီးတွေခူးပြီး သူတို့အိမ်ကိုပြန်ဖို့ တံတားဖြတ်ချိန်မှာ ပစ်ခံရတာ။ ညီအကို ၂ ဦးစလုံး သေသွားတယ်။ အဲ့ဒါကို အလောင်းကောက်ဖို့သွားတဲ့ ပရဟိတသမားတဦးလည်း ဖမ်းဆီးခံလိုက်ရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီက သေနတ်နဲ့ပစ်ခတ်လို့ ညီအကို ၂ ဦးဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့ပြီး ကွမ်းသီးအိတ်နဲ့ဆိုင်ကယ်ကိုလည်း စစ်သားတွေက သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အလောင်းတွေကိုလာကောက်တဲ့ နယ်ခံပရဟိတအသင်းတခုက အသက် ၃၀ အရွယ် ယာဥ်မောင်း အမျိုးသားတဦးကိုလည်း ဖမ်းဆီးခဲ့ကာ ရိုက်နှက်စစ်ဆေးပြီး ၁ ရက်အကြာ ဇန်နဝါရီ ၁၁ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက်ကလည်း ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာကို စစ်ဘေးရှောင်နေရာကနေ ပြန်လာတဲ့ ပြည်သူ ၂ ဦး မိုင်းထိပြီး သေဆုံးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်အထိ စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၄၃၃၅ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ထန်းတပင် #ကရင်လူငယ် #ပစ်သတ် #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း
Share Share Share