ကလေးခရိုင် တပ်ရင်း ၃ ရင်းပေါင်းပြီး တပ်ရင်း ၁၆ အဖြစ် ဖွဲ့စည်း

ကလေးခရိုင် တပ်ရင်း ၃ ရင်းပေါင်းပြီး တပ်ရင်း ၁၆ အဖြစ် ဖွဲ့စည်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာရှိတဲ့ ကလေးခရိုင် တပ်ရင်း ၃ ရင်းကို စုပေါင်းကာ ကလေးခရိုင် တပ်ရင်း ၁၆ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တယ်လို့ အဆိုပါတပ်ရင်းရဲ့ ဇွန် ၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

မတ် ၁၂ ရက်ကစတင်ကာ ကလေးခရိုင် တပ်ရင်း ၂၊ ကလေးခရိုင် တပ်ရင်း ၅နဲ့ ကလေးခရိုင် တပ်ရင်း ၆ တို့ကို စုပေါင်းပြီး ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

“အားလုံးစည်းလုံးညီညွတ်ပြီး တစုတစည်းတည်း စစ်အာဏာရှင်ကို တွန်းလှန်မှ ဒီတော်လှန်ရေးက အမြန်ပြီးဆုံးလိမ့်မယ်ဆိုတာ တပ်မှူးတွေနဲ့ အရာရှိပိုင်းတွေက နားလည်သဘောပေါက်ကြတဲ့အတွက် ပေါင်းစည်းခဲ့ကြတာဖြစ်တယ်။”လို့ ကလေးခရိုင် တပ်ရင်း ၁၆ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလိုမဖွဲ့စည်းခင်က အဆိုပါတပ်ရင်း ၃ ရင်းဟာ PDF စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲတဲ့ တပ်ရင်း တခုစီအဖြစ် ဖွဲ့စည်းထားပေမယ့် အဲ့ဒီအချိန်ကတည်းက စခန်းသိမ်းတိုက်ပွဲတွေမှာ ကလေးတောင်ပိုင်း ပူးပေါင်းစစ်ကြောင်းအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကလေးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာကတည်းက ခရိုင်တပ်ရင်းတွေနဲ့ Local တပ်ရင်းတွေ စုပေါင်းကာ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းနဲ့ ကျေးရွာစခန်း ၁၀ ခုဝန်းကျင် သိမ်းဆည်းထားနိုင်ပြီလို့လည်း ဒေသခံကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။ 

ပုံစာ - ရှေ့တန်းရောက် ကလေးခရိုင် တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #ကလေးခရိုင်တပ်ရင်း၁၆ #ပူးပေါင်း #ဖွဲ့စည်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10