သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အခြေစိုက်၊ ကလေးခရိုင်အမှတ် (၁၁) တပ်ရင်းက ယနေ့ဇူလိုင် ၁၉ ရက်နေ့ မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တပ်ရင်းဌာနချုပ်နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အမှတ် (၁၁) တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
အခမ်းအနားမှာ "ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲရသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာဓိဌာန်အားရွတ်ဆိုကြခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရသောအားဖြင့် တမိနစ်ငြိမ်သက်ကာ ဆုတောင်းမေတ္တာပို့သခြင်း" တို့ကိုပြုလုပ်ခဲ့ကြတယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
အခမ်းအနားကို ဒုတိယတပ်ရင်းမှူးနဲ့ တပ်ရင်းဌာနချုပ်မှ တာဝန်ရှိသူတွေ၊ တပ်ခွဲတွေက တပ်ခွဲမှူးနဲ့ ဒုတိယ တပ်ခွဲမှူးတွေ၊ တပ်စုမှူးနဲ့ ဒုတိယတပ်စုမှူးတွေ၊ ရဲဘော်တွေ စုံညီစွာတက်ရောက်ခဲ့ကြပြီး တပ်ရင်းတာဝန်ရှိသူတွေက အာဇာနည်နေ့အကြောင်း သိကောင်းစရာတွေ၊ ရဲဘော်တွေကို တော်လှန်ရေး စိတ်ဓါတ်မြင့်မားရေးနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် စေတနာမေတ္တာအပြည့်နဲ့ ကာကွယ်စောင့်ရှောက်နိုင်တဲ့ စစ်သည်တော်ကောင်းတွေ ဖြစ်အောင်ကြိုးစားကြဖို့ကို အသိပညာပေး ဟောပြောခဲ့ကြတယ်လို့ သူက ပြောပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မင်းကင်း #ကလေးခရိုင် #အာဇာနည်နေ့ #အခမ်းအနား
Share Share Share