သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၆ ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကလေးခရိုင် PDF အမှတ် ၆ တပ်ရင်း၊ တပ်ခွဲ ၃ ခုစလုံးရှိ ရဲဘော်တွေက အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးလေပြီးသော သူရဲကောင်းတွေအပါအဝင် ကလေးခရိုင်အမှတ် ၆ တပ်ရင်းမှ တော်လှန်ရေးအတွက် အသက်ပေးသွားတဲ့ သူရဲကောင်းတွေအားလုံးကို အလေးပြုခဲ့ကြတယ်လို့ ကလေးခရိုင်အမှတ် ၆ တပ်ရင်း၊ တာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။
အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေနဲ့အတူ အခုလက်ရှိတော်လှန်ရေးကာလမှာ အသက်ပေးသွားတဲ့ ရဲဘော်တွေအားလုံးကိုလည်း လေးစားစွာနဲ့ အမှတ်ရနေပေးဖို့၊ လက်ရှိတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက်လည်း ပြည်သူတွေက တတ်နိုင်သမျှကူညီပါဝင်ပေးမှသာ တော်လှန်ရေးကြီးပြီးဆုံးအောင် အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်လို့လည်း အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #ကလေး #အာဇာနည်နေ့ #အခမ်းအနား #ကျင်းပ #ကလေးခရိုင်PDFအမှတ်၆တပ်ရင်း
Share Share Share