ကလေးဆည်မြောင်းရုံး မိုင်းခွဲခံရပြီး ဘက်ဟိုးတစီးပါ မီးရှို့ခံရ

ကလေးဆည်မြောင်းရုံး မိုင်းခွဲခံရပြီး ဘက်ဟိုးတစီးပါ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်နယ်မြေ၊  ၆ ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ခရိုင်ဆည်မြောင်းရုံး ဖေဖော်ဝါရီလ ၃ ရက်မနေ့ည ၇ နာရီလောက်မှာ မိုင်းခွဲခံရပြီး ရုံးရှေ့မှာရပ်ထားတဲ့ ဘက်ဟိုးတစီးပါ မီးရှို့ခံလိုက်ရတယ်လို့ သိရပါတယ်။

အဲ့ဒီရုံးကို မိုင်းခွဲဖို့သွားချိန် အစောင့်ဝန်ထမ်းတဦးကို တွေ့ရှိခဲ့ပေမယ့် သူ့ကိုဘာမှမလုပ်ဘဲ ပြန်လွှတ်ပေးကာ ရုံးထဲမှာဘဲ မိုင်း ၃ လုံးခွဲခဲ့တာလို့ God of Empire ရဲ့  ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

"မာရှယ်လောစာရင်းမှာတော့ ကလေးမြို့က တိုက်ရိုက်ကြီးမပါဘူး။ ဒါပေမယ့် ကလေးမြို့ကို အသစ်ပြောင်းလာတဲ့ ဒကစမှူးက မြို့ကိုနိုင်အောင် လုပ်မယ်ပေါ့။ တင်းကြပ်မယ်၊ စစ်ဆေးမယ်ပေါ့။ မာရှယ်လောပုံစံ အုပ်ချုပ်မယ်လို့ သိထားရတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ကျနော်တို့ မိုင်းခွဲခဲ့တာ" လို့ ဆိုပါတယ်။

ဒါ့အပြင် ရုံးကိုဝင်ရောက် မိုင်းခွဲနေတဲ့အချိန်မှာ ရုံးနဲ့မလှမ်းမကမ်းမှာရှိတဲ့ စစ်ကောင်စီစခန်းကနေ လက်နက်ငယ်တွေနဲ့ ခဏအကြာ ယမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် မိမိတို့ဘက်မှ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်မှာလည်း ကလေးမြို့နယ်အခြေစိုက် ခလရ ၈၉ တပ်ထဲကို God Of Empire အဖွဲ့နဲ့ မဟာမိတ်အဖွဲ့ ၃ ဖွဲ့တို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်၊ သေဆုံးမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10