ကလေးတောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၇ ဦးသေ၊ PDF ၁ ဦးလည်း သေဆုံး

ကလေးတောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၇ ဦးသေ၊ PDF ၁ ဦးလည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြိုတောင်ပိုင်း၊ အင်တိုင်းကုန်းနဲ့ စက္ကန့်ရွာကြားမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြား ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကာ လက်နက်တချို့ သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၁၀ ရက် မနက်ပိုင်းက ကလေးမြို့ ဒကစနဲ့ ခလရ ၂၂၈ တပ်ကနေ စစ်ကား ၄ စီး၊ အင်အား ၆၀ခန့်နဲ့ ထွက်လာပြီးနောက် စစ်ကြောင်း ၂ကြောင်းခွဲကာ တကြောင်းက မြို့လှရွာကိုဝင်ကာ ကျန်တကြောင်းက အင်တိုင်းကုန်းရွာထဲကို ပစ်ဝင်ပြီး ထိတွေ့မှု စဖြစ်တာလို့ ဆိုပါတယ်။

“တောင်ပိုင်း တိုက်ပွဲဖြစ်နေတာ အကြီးအကျယ်ပဲ။ မနေ့က ညနေစောင်းနဲ့ ညဘက် ခဏဖြစ်တယ်။ ဒီနေ့ ၈ နာရီလောက်ပြန်ဖြစ်တယ်။ တောင်အူပြင်သာက ပျူတွေသေတာ အများကြီး။ မျက်စိတွေပါထွက်လို့။ **တွေက ဒီနေ့လာကောက်သွားကြပြီ။" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မနေ့က တိုက်ပွဲအတွင်း ပျူစောထီး ၄ ဦး၊ စစ်သား ၃ ဦး သေဆုံးကာ AK 47 အမျိုးအစား သေနတ် ၁ လက်နဲ့ စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိထားပြီး စစ်ကောင်စီဘက်က အလောင်းတွေကိုတော့ ဒီနေ့ လာကောက်ယူသွားပြီလို့ သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် ၁ ဦး လက်နက်ငယ် ထိမှန်ကာ သေဆုံးခဲ့ပြီး ၁ ဦးကတော့ ပေါင်ကို ကျည်ထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။

အခုလက်ရှိမှာ စစ်ကောင်စီတပ်တွေက အင်တိုင်းကုန်းရွာထဲမှာပဲ ရှိနေပြီး စစ်ကား ၂ စီးနဲ့ အင်အားထပ်ဖြည့် ထားတဲ့အပြင် အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ မြို့လှရွာက ပြည်သူ ၁ ဦးဒဏ်ရာရကာ၊ စက္ကန့်ရွာက ခရစ်ယာန်ဘုရားကျောင်း ၁ ခု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲကို PDF Kalay ခရိုင်မြို့ပြစစ်ဆင်ရေးအဖွဲ့၊ ကလေး PDF တပ်ရင်း၂၊ တပ်ရင်း ၄၊ တပ်ရင်း ၅၊ တပ်ရင်း ၆၊ CDF KKG၊ Kalay UGF၊ CNDF၊ Kalay Mine Team၊ ပကဖ စတဲ့အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြိုတောင်ပိုင်း #အင်တိုင်းကုန်း #စက္ကန့်ရွာ #CNDF  #စစ်ကောင်စီ  #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10