ကလေးတောင်ပိုင်း လေကြောင်းထပ်ကြဲခံရ ပြည်သူ တဦး ထပ်မံသေဆုံး■ ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၁၀ ဦး သေဆုံးထား

ကလေးတောင်ပိုင်း လေကြောင်းထပ်ကြဲခံရ ပြည်သူ တဦး ထပ်မံသေဆုံး■ ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၁၀ ဦး သေဆုံးထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက တင်သားကျေးရွာနဲ့ ဒိုးနွယ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ တဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂ ရက် ဒီကနေ့ နေ့လယ် ၁၁ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ ကျေးရွာ ၂ ရွာကို မိနစ်ပိုင်းပဲခြားကာ ဗုံးကျဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“တင်သားနဲ့ ဒိုးနွယ်သင်္ချိုင်းကိုကြဲတာ၊ ထိတဲ့ ပြည်သူ ၁ ဦးက သေပြီ၊ ၂ ဦးထိတာ။”လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

လေကြောင်းကြဲချိန် တင်သားရွာက ပြည်သူ ၂ ဦး ထိမှန်ခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသားကတော့ သေဆုံးခဲ့ကာ ၁ ဦးကတော့ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနေ့ကလည်း ဆည်တော်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန် ၁ ဦး ဝမ်းဗိုက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း ကလေးတောင်ပိုင်းက ကုက္ကိုလ်ရွာ ကျောင်းဝန်းထဲကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တွေ နေထိုင်တဲ့ တဲအိမ်တွေပေါ်  ကျရောက်ပေါက်ကွဲကာ အင်းကျွန်းနဲ့ ဟံသာဝတီရွာက စစ်ရှောင်ပြည်သူ ၉ ဦး သေဆုံးခဲ့ပါတယ်။

အဲ့ဒီသေဆုံးသူတွေထဲမှာ အသက် ၅ နှစ်ကနေ ၁၂ နှစ်အရွယ်ကြား ကလေးငယ် ၄ ဦးနဲ့ အသက် ၁၇ နှစ်ကနေ ၄၆ နှစ်ကြား အမျိုးသမီး ၅ ဦးတို့ပါဝင်ပြီး အကြီးစားထိခိုက်ဒဏ်ရာရသူ ၄ ဦးအပါအဝင် အရပ်သားပြည်သူ ၃၀ ဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေးမြို့နယ်တောင်ပိုင်းကို ၃ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး စုစုပေါင်း အရပ်သားပြည်သူ ၁၀ ဦး သေဆုံးထားတာပါ။

#မြေလတ်အသံ 

#စစ်ကိုင်း #ကလေး #စစ်ရှောင် #လေကြောင်း #ပြည်သူ #သေဆုံး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10